-16-

3K 287 35
                                    

⬅️Unicode➡️Zawgyi

✨My Oxygen✨O₂
#16

                   ⬅️For Unicode

Busထဲလူနည်းနည်းရှင်းနေပါတယ်...
Unnieကတော့Chaeညာဘက်မှာပါ...ပြတင်းပေါက်မှန်နားမှာပေါ့...Chaeကသူမဘေးမှာပါ...Chaeခုစကားပေါနေတာမဟုတ်ဘူး...

သူမကြည့်ရတာပင်ပန်းနေပုံဘဲ...ဒီလိုမျိုးလမ်းလျှောက်ပြီးလျှောက်သွားဖူးပုံမရဘူးထင်တယ်...ခုတော့ပင်ပန်းပြီးမျက်စိလေးမှိတ်ထားတယ်လေ...ဒီတစ်ခါတော့သေချာပေါက်ဒီအနေအထားလေးကိုခိုးကြည့်မိတယ်...သူမနှာတံဆင်းဆင်းလေး...မှတ်ထားတဲ့မျက်ခွံမျက်တောင်လေးတွေကကြည့်မဝလောက်အောင်ပါဘဲ...

-Chae...မှတ်တိုင်ရောက်ရင်ပြောနော်...ခဏလောက်မှေးလိုက်ချင်လို့...

အဲ့တာပါဘဲ...သူမဆိုတာတံခါးမှန်ကိုမှီပြီးမျက်လုံးလေးမှိတ်စကားပြောနေတာတောင်ကြည့်လို့ကောင်းနေတာမျိုးပါ...

-အင်း...ရတယ်လေ...Chaeပြောပါ့မယ်...

ခဏအကြာလာမှီထားတဲ့ခေါင်းလေး...Chaeပခုံးနဲ့ထိနေတဲ့သူမဆံပင်လေးတွေ...အနည်းငယ်မျက်နှာပေါ်ကျနေတဲ့ဆံပင်လေးတွေ...

-ခဏမှီထားမယ်နော်Chae...

-ရတယ်...အိပ်လို့ရတယ်Unnie...

-အွန်း...ကျေးဇူးChae...

အမြင်ကပ်တယ်...အမြင်ကပ်လို့အဲ့ဒီဆံပင်လေးတွေကိုမသိမသာဖယ်ပေးလိုက်တော့သေချာမြင်ရတဲ့ကြည်နေတဲ့မျက်နှာလေး...ပြီးတော့မှန်ထဲကမြင်နေရတဲ့သူမအိပ်နေတဲ့ပုံရိပ်လေး...အိပ်နေတုန်းနှဖူးပေါ်နေရာယူတတ်တဲ့ဆံပင်လေး...အဲ့အရာလေးတွေအစKim Jisooဆိုတဲ့အမျိုးသမီးအပါအဝင်အကုန်Chaeမြတ်နိုးတယ်...

သူမကခုထိChaeပခုံးပေါ်လာမှီထားတုန်းပါ...မှီပြီးမှေးနေတာ...ပခုံးပေါ်ထပ်ရောက်လာတဲ့သူမပါးလေးတွေကအိနေတာဘဲ...

ကလေးလေးကျလို့ပါ...ပါးနဲ့ပခုံးကိုလာပွတ်နေတာလေ...ဒါလားအသက်25နှစ်ရှိတဲ့ရင့်ကျတ်မှုတွေရှိနေတဲ့အမျိုးသမီးဆိုတာ...

ကျေနပ်မိပါတယ်...Unnieမှီလို့ရတဲ့လူသားဖြစ်ခွင့်ရလို့...ဒီထက်သက်သောင့်သက်သာလေးအိပ်စေချင်တာ...Busဆိုတော့လည်း...အင်းပေါ့...ခေါင်းအုန်းနဲ့မွေ့ယာလောက်ဘယ်သက်သောင့်သက်သာရှိမလည်း...

My Oxygen O₂(JENLISA MYANMAR)Z+UWhere stories live. Discover now