🌻of ☀️ (Ep-2)

91 14 2
                                    

Unicode

Gulfမေ့မေ့အား နားပူနားဆာလုပ်ပြီး မိမိအခန်းထဲသို့သာဝင်လာလိုက်သည်

အိတ်ကိုပစ်ချလိုက်ပြီး
ဟူးးး ဘယ်လိုလုပ်ရပါ့ အိပ်ယာပေါ်သို့တစ်ကိုယ်လုံးပစ်လှဲလိုက်ပြီး Gulfရေရွတ်လိုက်သည် ဖေဖေကိုနိုင်ငံခြားမသွားချင်တဲ့အ‌ကြောင်းဘယ်လိုပြောရမလဲ ချီးပဲ စဉ်းစားရကြပ်လိုက်တာကွာ

Gulfလှဲနေရာ‌ကနေထသွားကာ အံဆွဲထဲ မေမေမသိအောင် ဖွက်ထားသော cigarette တစ်ဗူးထုတ်လိုက်ပြီး စိတ်ညစ်ညစ်နဲ့ထိုင်သောက်နေလိုက်တော့တယ်

မေမေသိရင်တော့ ကျိန်းသေဆူခံရမှာ မေမေက ကျွန်တော်ဆိုးချင်သလောက်ဆိုး မပြောဘူး ဒါပေမယ့် ဆေးလိပ်သောက်ရင်တော့ တကယ်မရဘူးဗျ အရင်တစ်ခါ ခိုးသောက်တာမိတော့ မေမေက တကယ်ရိုက်တာဗျ

ကျွန်တော်ကလည်းစိတ်ညစ်တဲ့အခါတိုင်း cigaretteသောက်ပြီး စိတ်ထွက်ပေါက်ရှာတတ်တယ် ထိုင်သောက်နေရင်းတွေးနေလိုက်တာဘယ်အချိန်ရှိသွားပြီးမှန်းတောင် သတိမထားမိ နာရီကြည့်လိုက်တော့ 8နာရီလောက်တောင်ရှိပြီ

ထမင်းစားဖို့ ဒေါ်လေးစောလာခေါ်ပေမယ့် စားချင်စိတ်မရှိတာနဲ့ မစားတော့ဘူးသာပြောလိုက်တယ်

အော် ဒါနဲ့ ကျွန်တော့်စိတ်ထွက်ပေါက်တစ်ခုရှိသေးတယ်ဗျ နေကြာပန်းလေးတွေနဲ့စကားပြောတာ နေကြာပန်းလေးတွေကိုကျွန်အခန်းအပြင်ဘက်ဝရန်တာမှာ အိုးလေးတွေနဲ့စိုက်ထားတာ ပျော်ရင်ဖြစ်ဖြစ်/ဝမ်းနည်းရင်ဖြစ်ဖြစ်/စိတ်ညစ်စရာရှိတဲ့အခါဖြစ်ဖြစ် သူတို့လေးတွေကိုရင်ဖွင့်ဖြစ်တယ် ဇီဇာကြောင်တယ်ပဲပြောပြော ဘာပဲပြောပြော ကျွန်တော့်အသုံးအဆောင်ပစ္စည်းတွေ အကုန်တော့မဟုတ်ဘူးဗျ တော်တော်များများမှာ ‌sunflower logoလေးတွေပါတတ်တယ် နေကြာပန်းလေးတွေ‌ကို ကိုဟိုးငယ်ငယ်လေးထဲကကျွန်‌တော်သဘောကျခဲ့တာ ဘာကြောင့်လဲမသိပေမယ့် သူတို့လေးတွေကိုမြင်ရင် ကျွန်တော့စိတ်လေးတွေကြည်နူးရတယ်...

သူတို့လေးတွေကိုကြည့်နေရင်း ငယ်ငယ်ကဖေဖေလိုက်ပို့ပေးခဲ့တဲ့နေကြာခင်းကြီးကိုတောင်အမှတ်ရသွားတယ် အက်နေ့ကဆိုအရမ်းပျော်ခဲ့ရတာ အက်ချိန်တုန်းက ဖေဖေကအရမ်းချစ်ဖို့ကောင်းတယ်

♡Sunflower Of The Sun♡Where stories live. Discover now