🌻 of ☀️(Ep-3)

117 12 3
                                    

Unicode

ခုဆိုGulfတို့စားမေးပွဲဖြေပြီး ကျောင်းကြီးပိတ်လို့ ပိတ်ရက်တောင်ရောက်ခဲ့ပြီ Gulfဖေဖေလည်း Gulfကို Americaပို့ဖို့ စီစဉ်နေပြီလေ Gulfတစ်ယောက်ကတော့ သူ့အကြံနဲ့သူမို့ စိတ်မပူဘဲ သွားမယ်ဆိုတဲ့ပုံစံနဲ့သာနေနေလိုက်သည်

ညစာစားပြီး Gulfအခန်းထဲမှာ နှပ်နေတုန်း အပြင်ကတစ်စုံတစ်‌ယောက်ရဲ့တံခါးခေါက်သံနဲ့အတူ 

“Gulf...Gulf..မောင်လေးရေ မမပါ”
“ဗျာ...မမfai”

“ဖေဖေနဲ့မေမေကပြောစရာရှိလို့ ဧည့်ခန်းထဲလာခဲ့ပါအုံးတဲ့ မမကိုခေါ်ခိုင်းလိုက်လို့”
“အော်...ဟုတ်မမfai ကျွန်တော်သွားလိုက်မယ်ဗျ”

Gulfဧည့်ခန်းထဲရောက်တော့ ဖေဖေနဲ့မေမေက ကြိုရောက်နှင့်နေပြီဖြစ်သောကြောင့် မျက်နှာချင်းဆိုင်မှာသာဝင်ထိုင်လိုက်ပြီး

"ဖေဖေမေမေ ကျွန်‌တော့်ကို ဘာပြောစရာရှိလို့လဲဗျ"
Gulf မသိချင်ယောင်ဆောင်ပြီးမေးလိုက်တော့

“မင်းဒီရက်ပိုင်းထဲ Americaသွားရတော့မယ် ဖေဖေတို့အစစအရာရာအကုန်စီစဉ်ပြီးပြီ”
တည်ငြိမ်ပြတ်သားလွန်းတဲ့ အသံနဲ့ ကျွန်တော့်ကို‌ပြောလိုက်သောဖေဖေ
မေမေကတော့ မျက်နှာမကောင်း ကျွန်‌တော်မေ့မေ့ကို ဘာမှစိတ်မပူနဲ့အဆင်‌ပြေတယ်ဆိုတဲ့ပုံစံနဲ့သာပြုံးပြလိုက်ပြီး
"ဟုတ်ကဲ့ ကျွန်တော် ပြင်ဆင်စရာရှိတာတွေ အကုန်ပြင်ဆင်ထားလိုက်ပါ့မယ် ဖေဖေ ဖေဖေ‌တို့ကျွန်တော့်ကိုပြောစရာရှိသေးလား ပြောစရာမရှိ‌တော့ရင် ကျွန်တော်အပေါ်တက်တော့မယ်နော်...."

Gulf အခန်းထဲရောက်တော့ Mildပို့ထားတဲ့လိပ်စာကိုကြည့်ပြီး မနက်ဖြန်ညbangkokလိုက်သွားဖို့ဆုံးဖြတ်လိုက်ပြီး သက်ပြင်းသာချလိုက်မိသည်...

ထိုအချိန်မေမေက သား မေမေခဏဝင်ခဲ့မယ်နော်
Gulfလိပ်စာကိုကတန်းမတန်းဖွက်လိုက်ပြီး
“ဟုတ်ကဲ့မေမေ”

“သား စိတ်မကောင်းဖြစ်နေလား မေ့မေ့သားလေး စိတ်ပင်ပန်းနေမယ်ဆိုတာ သိတယ် မေမေလည်းသားနဲ့မခွဲချင်ဘူး ဖေဖေ့စကားကိုသားနားထောင်လိုက်နော် ဖေဖေကသားကောင်းစားဖို့အတွက်စီစဉ်တာသားသိတယ်မို့လား ဖေဖေ့ကိုအထင်မလွဲရဘူးနော်သားလေး”

You've reached the end of published parts.

⏰ Last updated: Oct 13, 2020 ⏰

Add this story to your Library to get notified about new parts!

♡Sunflower Of The Sun♡Where stories live. Discover now