(Part 1)

1.9K 51 11
                                    

[Unicode]

ရာသီဥတုက အုံ့မှိုင်းမှိုင်းနဲ့ မိုးကလည်း ဖွဲဖွဲလေးရွာနေခဲ့တယ်
ဒါပေမဲ့ လူတွေကတော့အများကြီးပဲ ထီးကိုယ်စီနဲ့ မိုးရေထဲမှာရပ်နေကြတယ် အကုန်လုံးက အနက်ရောင်၀တ်စုံကိုပဲ၀တ်ထားကြတယ်
ဒါဆိုရင်သေချာပါတယ် ဒါ ဈာပနပွဲ

"လူများတဲ့နေရာတွေကိုမကြိုက်ဘူး"

ဘေးချင်းယှဉ်လျက် အုတ်ဂူနှစ်ခုကို လူတွေကြားကနေ ဝေဝေဝါးဝါးမြင်နေရတယ်
ဖေဖေ နဲ့ မေမေက လူတွေကြားထဲသွားဖို့ပြင်နေပေမဲ့ ကျွန်တော်မလိုက်ချင်ဘူး
ဒါကြောင့် ကားရပ်ထားတဲ့နား ခပ်လှမ်းလှမ်းမှာပဲ ကျွန်တော်နေခဲ့တယ်

"~~~~အဟင့် ရွှတ်~~~~"

ငိုသံသဲ့သဲ့လေးနဲ့အတူ အင်္ကျီစကို ခပ်တင်းတင်းဆွဲထားသလို ခံစားရတာကြောင့် ကြည့်မိလိုက်တော့

ကျွန်တော့် အင်္ကျီစကိုဆွဲရင်း တရှုတ်ရှုတ်ငိုနေတဲ့ ကောင်လေး ကျွန်တော့်ထက် သုံး‌ လေးနှစ်လောက်ငယ်ပုံရတယ်
မျက်ရည်လည်ရွဲနဲ့ မျက်၀န်းတောက်တောက်လေးတွေနဲ့အတူ ကျွန်တော့်ကို အားကိုးတကြီး ပြန်ကြည့်နေလေရဲ့

သီးသန့်ဆန်စွာနေတတ်တဲ့ ကျွန်တော့်အတွက် ကလေးတစ်ယောက်ငိုနေတာကို ချော့လည်းမချော့တတ်သလို ဘာလုပ်ပေးရမှန်းလည်းမသိ
မျက်၀န်းတောက်တောက်လေး‌တွေနဲ့ တအိအိငိုနေတဲ့ကောင်လေးကိုသာ ကျောက်ရုပ်ပမာ ရပ်ကြည့်နေမိတာ

ထိုအချိန်.......

"သား~~~~"

ခေါ်သံနဲ့အတူ အဒေါ်ကြီးတစ်ယောက် အနားကိုရောက်လာကာ ငိုနေတဲ့ ကောင်လေးကို ပွေ့ချီလိုက်လေရဲ့
အဒေါ်ကြီးရဲ့နောက်ကနေ ဖေဖေ နဲ့မေမေလည်းအတူပါလာတယ်

"ကလေးက အရမ်းငယ်သေးတော့ သနားပါတယ် ခုလို ရုတ်တရက်ဆိုတော့ စိတ်မကောင်းလိုက်တာ
ကလေးကိုရော ဘယ်လိုလုပ်ကြမှာလဲ"

"အကိုကြီးတို့ ကျေးဇူးက ကျွန်မတို့အပေါ်မှာ အများကြီးပဲဆိုတော့ ကလေးကို ကျွန်မတို့ပဲ စောင့်ရှောက်ထားရမှာပေါ့"

မေမေနဲ့ အဒေါ်ကြီး ပြောနေတာတွေကို ကျွန်တော်နားမလည်
လူကြီးစကားဝိုင်းဆို ဂရုမစိုက်တတ်တဲ့ ကျွန်တော်က ဒီတစ်ခါတော့ စပ်စုချင်စိတ် တဖွားဖွားနဲ့ ပြောသမျှကို နားစိုက်ထောင်နေမိလေရဲ့

Never regret(Completed)Where stories live. Discover now