Part-9

2.6K 353 37
                                    

Unicode Version

ရဝေချမ်းတစ်ယောက် ကျောင်းကပြန်ရောက်ကတည်းက ဂနာမငြိမ်ဘဲ လှုပ်ရွရွဖြစ်နေသည်ကိုကြည့်၍ ဇေယျာချမ်းမှာ အတော်မျက်စိနောက်လျက်ရှိသည်။ မနေ့ကကိစ္စဖြစ်ပြီးကတည်းက ခန့်မင်းနောင်မှာ ရဝေချမ်းကို နေရခက်နေသည်ကိုသိ၍ ခဏလွှတ်ထားပေးသော်လည်း စာသင်ချိန်ကိုတော့ သေချာပေါက်လာမည်ဖြစ်သောကြောင့် ရဝေချမ်းမှာ ခန့်မင်းနောင်ကို ရင်ဆိုင်ရမည့်အရေးကို ထိတ်လန့်နေမိသည်။

“မင်း ငြိမ်ငြိမ်ထိုင်နေလို့မရဘူးလား”

ဇေယျာချမ်းက အမြင်ကပ်ကပ်ဖြင့် ရဝေချမ်းကို ဘုကြည့်ကြည့်လိုက်သည်။ ဤသည်ကို ရဝေချမ်းကလည်း မျက်စောင်းတစ်ချက်ဖြင့် ပြန်တုံ့ပြန်သည်။

“ငါ့ဘာသာဖြစ်တာလေ။ မမြင်ချင်ရင် ဒီနားကထွက်သွားပေါ့”

သူတို့နှစ်ဦး၏ငြိမ်းချမ်းရေးဟာ တစ်ရက်မျှသာ ခံလိုက်သည်။ ယခုတော့ဖြင့် ပုံမှန်အတိုင်း ရန်သတ်ကြဆဲပင်။ ယနေ့တော့ ဇေယျာချမ်းဟာ ရဝေချမ်းကို စနောက်ချင်ပုံမပေါ်ပေ။ အကြောင်းကတော့ သူ့ညီအစား သူပါလိုက်၍ စိတ်လှုပ်ရှားနေသောကြောင့်ပင်။ ဤသည်ကို ဇေယျာချမ်းကတော့ ရဝေချမ်းကို ဘယ်တော့မှဝန်ခံမည်မဟုတ်။

ဇေယျာချမ်းမှာ အမြင်ကပ်စရာကောင်းနေသော ရဝေချမ်းကိုလျစ်လျူရှု၍ ရေချိုးရန်သာပြင်သည်။ ထို့ကြောင့် ပုဆိုးတစ်ထည်တည်းသာဝတ်ပြီး နောက်ဖေးဘက်သို့ ထွက်သွားလိုက်သည်။ ထိုစဥ် ဘေးအိမ်မှကလေးက အင်္ကျီဗလာကျင်းကာ အပိုအဝတ်အစားတစ်စုံယူလာရင်း ဇေယျာချမ်းရှိရာသို့ ပြေးလာလေသည်။

“ကိုကြီးဇေ.. သားတို့အိမ်က ရေဘုံဘိုင်ပျက်နေလို့။ ဒီမှာရေချိုးလို့ရတယ်မလား”

ခုနစ်နှစ်သာသာရှိသေးသော ကလေးက ဇေယျာချမ်းကို မေးငေါ့ပြရင်း မေးနေသည်မှာ သူငယ်ချင်းအရင်းအချာကြီးကို နှုတ်ဆက်နေသလိုလိုနှင့်မို့ ဇေယျာချမ်းမှာ မခံချိမခံသာဖြစ်ရသည်။ သို့သော်ငြား ထိုကလေးကို အရင်ရေချိုးရန်ခွင့်ပြုလိုက်ပြီး သူကတော့ ဘေးနားတွင် ရပ်စောင့်နေလိုက်သည်။

Falling In Love With the Most Admired PersonDonde viven las historias. Descúbrelo ahora