အအေးဒဏ်ကြောင့်မနက်နေရောင်ခြည်ဖြင့်မနိုးထရပါဘဲ အေးစိမ့်မှုနဲ့သာ မျက်လုံးအစုံဟာဖွင့်လို့လာရတယ် တစ်စုံတစ်ယောက်ကပွေ့ဖက်ထားသည်ဟုခံစားလိုက်ရသဖြင့်ကြည့်ကြည့်လိုက်တော့ ကိုယ့်ခါးကိုဖက်ရင်းအိပ်မောကျနေတဲ့ ဟိုကလေးမ အင်း သေချာကြည့်တော့လည်း သူ့မျက်နှာကအပြစ်ကင်းစင်သည် ပြစ်မျိုးမှဲ့မထင်လှပလို့နေသည် သို့သော် ကျွန်မသူ့ကိုမုန်းသည် သူဘာအပြစ်မှမလုပ်ပါဘဲ နဲ့လည်း သူ့ကိုမုန်းသည် သူဘယ်လိုဘဲကျွန်မကိုလွတ်လပ်ခွင့်ပေးပေးကျွန်မစိတ်ကတော့ကျဉ်းကျပ်နေမြဲဖြစ်သည် ကျွန်မစိတ်ကျဉ်းကျပ်လေလေ သူ့ကိုမုန်းလေလေဖြစ်သည် သူဒီလိုအိပ်ပျော်နေရင် အပြစ်ကင်းစင်တဲ့ကလေးတစ်ယောက်ပမာ ဘာမှမလိမ်းမခြယ်ထားပါဘဲ သူ့မျက်နှာမှာ အပြစ်ဆိုစရာဘာတစ်ခုမျှမရှိ ဒါတောင်ဘာကြောင့်များ ဒီလိုလူကိုမှ မုန်းမိနေပါလိမ့် အိုရ် မုန်းရမှာဘဲ ငါကျဉ်းကျဉ်းကျပ်ကျပ်ခံစားနေရတာ သူ့ကြောင့်ဘဲလေ အတွေးတွေကိုလက်စသတ်ပြီး ကုတင်ပေါ်ကဆင်းမယ်လုပ်တော့ အောက်ပိုင်းကဆစ်ခနဲ
Jen-"အား နာလိုက်တာ ကျွတ် ကျွတ်"
ခဏလောက်ပြန်ထိုင်ပြီးမှ ရေချိုးခန်းထဲ ဖြေးဖြေးချင်းလျှောက်လာရသည် ရေချိုးရင်း မှန်ထဲကိုအမှတ်မထင်ကြည့်မိတော့ လည်ပင်းမှာ
Jen-"ဟာ ဒီအနီကွက်ကြီးတွေက ဘယ်ကနေဘယ်လို ဪ ညက ဟို အာ ဟုတ်သားဘဲ ငါဒီလိုပုံစံနဲ့ဘယ်လိုအလုပ်သွားရမလဲ အာ တပတ်ဘဲလည်ပင်းမှာပတ်သွားရတော့မှာပေါ့ ဟူး စိတ်ရှုပ်တယ်"
အိပ်ယာထတာနဲ့ဘေးဘီဝဲရာစမ်းကြည့်တော့ ချစ်ရသူကအနားမှာရှိမနေ ရေချိုးခန်းထဲကအသံကြားတော့ သဘောပေါက်လိုက်ပါတယ် အင်းဒါနဲ့ အောက်ကချွဲကျိကျိနဲ့ဘာတွေလဲ စောင်ကိုလှန်ပြီးကြည့်မိတော့ ချစ်ပျားရည်များ ကိုတွေ့လိုက်တော့ ဘာရယ်ကြောင့်မှန်းမသိ ပြုံးတော့ပြုံးမိလိုက်တယ် ဟော ထွက်လာပါပြီ ချစ်ရသူလေးက တဘက်လေးပက်ပြီး
Lisa-"ဟာ မ မနက်အစောကြီးကို ရေနွေးနဲ့ချိုးတာမဟုတ်ဘူး အအေးတွေတော့ပတ်ကုန်တော့မှာဘဲ နောက်ခါကျရင်ရေနွေးနဲ့ချိုးနော်"
YOU ARE READING
Value🖤✨
RomanceLisa-"တစ်နေ့နေ့တော့ မ ပြန်ချစ်လာမှာဘဲဆိုတဲ့မျှော်လင့်ချက်လေးနဲ့အနားနားမှာ အမြဲရှိပေးနေခဲ့ပေမဲ့ မ ကလူကိုစိမ်းစိမ်းကားကားရက်စက်တယ် စိတ်ချပါ မ ရယ် အချိန်တစ်ခုလေးတော့ပေးပါ မ မမြင်ချင်ရင် တိတ်တိတ်ကလေးထွက်သွားမှာပါ" Jen-"လွမ်းတယ် မင်းမရှိတော့မှ မင်းရဲ့ဂရု...