မနက်မိုးလင်းတော့သူ့နေရာလေးကိုလွမ်းလွမ်းဆွတ်ဆွတ်ကြည့်နေမိတယ် သူ့အကြင်နာလေးတွေနေ့နေ့ညညမရတာ အခုဆို၁ပတ်တောင်ရှိပြီ လွမ်းလိုက်တာ Li ရယ် မ ကိုများမုန်းလေပြီလား ရေချိုးပြီလို့ပြန်ထွက်လာတော့လည်း
"မ မနက်အစောကြီးရေအေးတွေနဲ့ချိုးနေတာလား ရေနွေးနဲ့ချိုးတာမဟုတ်ဘူး အအေးတွေတော့ပတ်ကုန်ေတာ့မှာဘဲ"
အချစ်ရယ် မင်းစကားသံလေးတွေပြန်ကြားယောင်မိနေတယ် တွေးရင်းနဲ့ကို မျက်ရည်တွေကျလာပြန်တယ် သူမရှိတဲ့ရက်တွေမှာကျွန်မငရဲကျနေသလိုဘဲ သိပ်ကိုအထီးကျန်ဆန်သလိုအရာရာဟာလွမ်းလွမ်းဆွေးဆွေးပါဘဲ မနက်တိုင်းဖျော်ပေးနေကြကော်ဖီပူပူလေးကိုလည်းမသောက်ဖြစ်တော့ဘူး မင်းမရှိတဲ့နောက်ပိုင်း သစ်ရွက်လုပ်တိုင်းလည်းလွမ်းခဲ့ရတယ် ညအိပ်ရာဝင်တိုင်းလည်းသူအိပ်ခဲ့တဲ့နေရာလေးကိုကြည့်ပြီး ညတိုင်းငိုခဲ့ရတယ် ဒီနေရာဒီကုတင်ထက်မှာဘဲ အကြင်နာတွေဖလှယ်ခဲ့ကြတယ်လေ အခုတော့ကိုယ်တစ်ယောက်တည်း မင်းမရှိတဲ့ညဟာသိပ်ခြောက်သွေ့လွန်းတယ် မင်းမရှိတဲ့ငါ့အိပ်ယာဟာလည်းအေးစက်စက်နဲ့ မင်းဘယ်ဆီများရှောင်ပုန်းနေသလဲ လွမ်းလိုက်တာ အချစ်ရယ် မင်းမရှိတော့မှမင်းတန်ဖိုးကိုသိတယ်💔😭
~~~Value🖤✨~~~
Rosé-"Lisaနင်ဒီတိုင်းဘဲနေတော့မှာလား Unnieဆီပြန်မသွားတော့ဘူးလား ချစ် ငါ့ကိုပြောပြတယ် Unnie Jen တော်တော်လေးခံစားနေရတယ်တဲ့ နင့်စိတ်နဲ့ စားချိန်သောက်ချိန်လည်းမမှန်ဘူးတဲ့ နေ့နေ့ညည ငိုဘဲငိုနေတာတဲ့ "
Lisa-"Rosé ငါပြန်သွားဖို့မရဲဘူးဟာ ငါလည်းသူ့ကိုတစ်ရက်ကလေးမှမေ့လို့မရပါဘူး ဒါပေမဲ့ သူ့စကားလုံးတွေပြန်တွေးတိုင်း ငါအထပ်ထပ်အခါခါနာကျင်ရလို့ပါဟာ ငါ့စိတ်တွေမွန်းကြပ်နေတုန်းမို့ အချိန်ခဏလောက်ပေးပါ"
Rosé-"အေးပါဟာ ငါနားလည်ပါတယ်"
~~~Value🖤✨~~~
Soo-"Jenနင်တမိုင်မိုင်တထွေထွေလုပ်မနေပါနဲ့ဟာ ကျန်းမာရေးလည်းဂရုစိုက်အုံးမှပေါ့"
Jen-"သူငါ့ကိုထားခဲ့တာ၁ပတ်ကျော်နေပြီလေဟာ သူငါ့ကိုများမုန်းနေပြီလားမသိပါဘူး အမရယ် ငါသိပ်စိုးရိမ်တာဘဲ အခုနေများသူဘယ်မှာရှိနေပြီးဘာတွေလုပ်နေလဲမသိဘူး နေရောနေကောင်းရဲ့လားရောငါမသိရဘူး သူ့ကိုရှာလို့မရသေးဘူးလား😭"
Soo-"ရှာလို့တော့မတွေ့သေးပေမဲ့ ယောင်းမ က ပြန်လာမှာပါ ယောင်းမနင့်ကိုဘယ်လောက်ချစ်လဲဆိုတာငါသိတယ် သူမွန်းကြပ်တုန်းခဏပါ အခုတော့ ဒါလေးစားလိုက်အုံးနော်"
ထမင်းနံ့ဟင်းနံ့ရလိုက်တာနဲ့ရင်ထဲကပျို့တက်လာတော့ ဘေးစင်သွားပြီးအန်လိုက်ရတယ်
Jen-"အော့ အော အွတ်"
Sooကနောက်ကျောကိုပွတ်ပေးပြီး
Soo-"နင် နေမကောင်းဘူးလား နင့်ကြည့်ရတာအားမရှိသလိုလိုနဲ့ ခေါင်းတွေရောမူးလား"
Jen-"ငါဒီအတောအတွင်းခေါင်းကမူးရိပ်ရိပ်နဲ့ဘာမှစားမရဘူး အန်ဘဲအန်ချင်နေတာ"
Soo-"မဖြစ်ပါဘူး လာလာ ဆေးခန်းသွားပြမယ်"
ဆေးရုံရောက်တော့ပြနေကြFamily Doctorနဲ့ပြလိုက်တော့ Doctorကပြုံးစိစိနဲ့လုပ်နေတော့
Soo-"Doctorကျွန်မညီမလေးဘာဖြစ်တာလဲဟင်"
Doctor-"သူ့သက်ဆိုင်သူပါမလာဘူးလား"
Doctorကမေးတော့Jenမျက်နှာပျက်လေပြီSooကနေဘဲ
Soo-"သူ့သက်ဆိုင်သူကခရီးသွားနေလို့ပါ"
Doctor-"သူမရှိတာဝမ်းနည်းစရာဘဲ Sooညီမလေးမှာ ကိုယ်ဝန်၁လနဲ့၁ပတ်ရှိနေပြီ"
Soo-"ရှင်!"
Jen-"ရှင်!"
Doctor-"ဂုဏ်ယူပါတယ်နော် အခုကလူနာကနည်းနည်းအားနည်းနေတယ် အစာများများစားပေးနော် ပျို့တာအန်တာမူးတာတွေမဖြစ်အောင်ဆေးပေးထားတယ် ခွင့်ပြုပါအုံး"
Soo-"ဟုတ်ကဲ့Doctor"
Doctorပြန်သွားတော့ဆေးရုံကုတင်မှာတစ်ရှုတ်ရှုတ်နဲ့ငိုနေတဲ့ကိုယ့်ညီမကိုကြည့်ရင်း နှစ်သိမ့်ရပြန်တယ်
Soo-"မငိုနဲ့လေJenရဲ့ဗိုက်ထဲမှာကလေးလေးရှိနေပြီ ဒီအချိန်မှာနင်အားနည်းလို့မရဘူးလေ"
Jen-"ငါ အရမ်းအားငယ်တာဘဲ ဒီလိုအချိန်မှာသူ့အားပေးစကားတွေငါကြားချင်တယ် သူသာရှိနေခဲ့ရင်ငါ့ကိုဂရုစိုက်နေမှာဟ သူ သူ ငါ့ကိုတဂယ်ထားသွားပြီနဲ့တူပါတယ်ဟာ😭"
Soo-"Jenရယ်"
စိတ်မကောင်းရုံကလွဲရင်မတတ်နိုင် ယောင်းမရယ် နင်ဘယ်တွေရောက်နေပြီလဲ အမြန်ပြန်လာခဲ့ပါတော့😓
ဗိုက်ပေါ်လက်တင်ပြီးသူ့အငွေ့အသက်စမ်းကြည့်မိတယ် လစ်ဟင်းနေတဲ့ခံစားချက်တွေကအလုံးလိုက်ရင်ဝကိုဆို့တက်လာတယ် မျက်ရည်တွေကလည်းစီးကျလာတယ် Liရယ် မ ကိုတစ်ချက်ကလေးမှသတိမရမိဘူးလား မ ကိုများစိတ်ဆိုးနေလေသလား ပြန်လာခဲ့ပါတော့ မ လေ Li ကိုသေမတက်လွမ်းတယ်"
~~~Next part is coming soon🖤✨~~~
YOU ARE READING
Value🖤✨
RomanceLisa-"တစ်နေ့နေ့တော့ မ ပြန်ချစ်လာမှာဘဲဆိုတဲ့မျှော်လင့်ချက်လေးနဲ့အနားနားမှာ အမြဲရှိပေးနေခဲ့ပေမဲ့ မ ကလူကိုစိမ်းစိမ်းကားကားရက်စက်တယ် စိတ်ချပါ မ ရယ် အချိန်တစ်ခုလေးတော့ပေးပါ မ မမြင်ချင်ရင် တိတ်တိတ်ကလေးထွက်သွားမှာပါ" Jen-"လွမ်းတယ် မင်းမရှိတော့မှ မင်းရဲ့ဂရု...
