Value🖤✨Ep-5

5.4K 296 0
                                        

မနေ့ကခေါင်းကိုက်တယ်လို့ပြောသွားတယ် ဒါကြောင့်မို့မထသေးတာနေမှာ ကြည့်ပါအုံး အိပ်နေလိုက်တာများ ပုဇွန်ထုပ်လေးကျနေတာလဲ ကွေးကွေးထုပ်ထုပ်လေးကိုအိပ်နေရှာတာ ချမ်းနေလို့နေမှာ မနေ့ညကစောင်ခြုံပေးတော့လည်းကန်ချတယ်လေ မနက်ရောက်တော့ချမ်းနေပြီ အပူများရှိတာလား မှန်းစမ်း စမ်းကြည့်တော့လည်းမရှိပါဘူး မနေ့ကအလုပ်တွေများလို့ထင်တယ် ဆက်အိပ်နေရင်တော့ခေါင်းပိုကိုက်တော့မှာဘဲ နိုးပြီးဆေးလေးဘာလေးတိုက်ရမယ်

Lisa-"မ...မ...မ..."

Jen-"ဘာလဲ..."(အိပ်ချင်မူးတူးအသံဖြင့်)

Lisa-"ထတော့လေ ခေါင်းကိုက်နေတာဆို ဆက်အိပ်နေရင်ပိုဆိုးလိမ့်မယ် ထပြီးဆေးလေးဘာလေးသောက်ရမှာပေါ့ ထ ပါ မ ရယ်"

Jen-"မထချင်ပါဘူးအိပ်ချင်သေးတယ်"

ပြောချင်ရာပြောပြီးတစ်ဖက်ကိုလှည့်ပြီးပြန်အိပ်နေသော ကျွန်မရဲ့ မ ပါ ဒီတိုင်းထားလို့တော့မဖြစ်ဘူးမလား ဆက်အိပ်နေရင် ခေါင်းပိုကိုက်မယ်လေ

Lisa-"မ ရယ်ထပါနော် အိပ်ချင်ရင် ဆေးသောက်ပြီးမှပြန်အိပ်လေ နော် "

Jen-"အာ...မင်းအသံကြားနေရတာပိုခေါင်းကိုက်တယ် ဖယ် ဖယ် အေးဆေးကိုမအိပ်ရဘူး"

ဟီးဟီး မထချင်ထချင်နဲ့ထသွားတယ် လူကိုကအော်လိုက်သေးတယ် တဂယ့် လူပုစိတ်တိုဘဲ မ က😂😘ကျွန်မလည်း အဲ့အချိုးလေးတွေကိုဘဲချစ်နေရတာပါ🖤✨

ဟွင့် အိပ်တာတောင်ကောင်းကောင်းမအိပ်ရဘူး ပွစိပွစိနဲ့ တဂယ်စိတ်တိုဖို့ကောင်းတယ်😣😒

Lisa-"အောက်ကိုမဆင်းနဲ့တော့နော် စားစရာတွေယူလာပေးမယ် ဒီနားမှာဘဲမှီနေလိုက်"

Jen-"..."

အိမ်မှာအိမ်အကူတောင်မထားပါဘဲ သူကိုယ်တိုင်အိမ်အလုပ်တွေကိုလုပ်တယ် မမောဘူးလားမသိပါဘူး Companyရဲ့CEOဆိုတော့ Caseတွေတော်တော်များတယ် ဒီကြားထဲ ကျွန်မကိုလည်းဂရုစိုက်လိုက်သေးတာ သူကအကုန်ကောင်းပါတယ် ကျွန်မစိတ်ကိုက သူ့ကိုဆို အလိုလို မျက်မုန်းကျိုးနေတာ😣

Lisa-"ဒီမှာရပြီ ဆန်ပြုတ်ရပြီ သောက်လိုက်အုံးနော် အစာရှိမှဆေးသောက်လို့ရမှာ"

Value🖤✨Where stories live. Discover now