Value 🖤✨Ep-11

7.3K 306 1
                                        

ညနေရောက်တော့အိမ်ကိုIreneတို့ရောက်လာတယ် ဘေးမှာမြင်လိုက်ရတဲ့မြင်ကွင်းကြောင့် နားမလည်နိုင်တဲ့မြင်ကွင်းကြောင့် ကျွန်မ ကြောင်အမ်းအမ်းဖြစ်သွားရတယ်

Irene-"ဂျမ်းစိန် ဒါငါ့ချစ်သူလေ Somi တဲ့ ဂျမ်းစိန် နင်သိလား Lisaနဲ့Somiနဲ့ကငယ်သူငယ်ချင်းတွေလေ Lisaကိုငါလျှိုခိုင်းထားတာ ဒီCaseကို နင့်ကို Surpriseတိုက်ချင်လို့"

မှားပြီသိပ်ကိုမှားသွားပြီဘာမှမသိပါဘဲဒေါသကိုရှေ့တန်းတင်မျက်ကန်းတစ်ယောက်လို ဒေါသစိတ်ကြောင့် လွန်လွန်ကြူးကြူးကိုပြောမိသွားပြီ Li ဟုတ်တယ် သူ သူ ရန်ဖြစ်ပြီးကတည်းကအိမ်ပြန်မလာသေးဘူး သူပြန်လာမှာပါ သူပြန်လာမှာပါ

Irene-"ဟဲ့ချေပု ဘာတွေတွေးနေတာလဲ ငါတို့ကိုဧည့်မခံ‌တော့ဘူးလား"

Jen-"အမ် ဟမ် အင်း ထိုင်ကြလေ"

ညရောက်တော့အနီမတို့လည်းပြန်သွားပြီ သူ့ကိုကိုယ်စောင့်နေတယ် ရောက်မလာဘူး 1 ထိုးပြီပြန်မလာဘူး 2 ရောက်ပြီ မျှော်သာမျှော်ရတယ်ပေါ်မလာဘူး Li ရယ်ဘယ်ဆီဘယ်ဝေတွေများသွားနေတာလဲ 😭
မနက်‌ရောက်နေပြီဘဲ သူပြန်ရောက်လောက်ပါပြီ အောက်ဆင်းကြည့်တော့ ဖျော်နှင့်ပြီးသားကော်ဖီကိုလည်းမတွေ့ သူမနေ့ကရောက်မလာဘူးပေါ့ Li တဂယ် မ ကိုထားသွားတာလား မ ကိုစိတ်ကုန်သွားပြီလားဟင်

Jen-"Helloအမ😭"(ငိုသံသဲ့သဲ့ဖြင့်)

Soo-"ဘာဖြစ်လို့လဲ ဘာလို့ငိုသံပါနေရတာလဲ"

Jen-"😭ငါ့အိမ်ကိုလာခဲ့ အမ"

Sooလည်းသူ့ညီမကငိုသံနဲ့ပြောနေတာကြောင့်စိတ်ပူပြီး လိုက်သွားလိုက်တယ် အိမ်ရောက်တော့ အရုပ်ကြိုးပြတ်သလိုထိုင်ပြီး ငိုနေတဲ့ညီမဖြစ်သူကိုတွေ့တော့ စိုးရိမ်တကြီးဖက်ထားလိုက်တယ်

Soo-"နင် နင်ဘာဖြစ်လို့ငိုနေတာလဲ Jen နင် နဲ့ Lisa မဟုတ်မှလွဲရော နင်နဲ့ယောင်းမ ပြဿနာတက်ကြတာလား"

Jen-"အမ ငါ ငါ သူ့ကိုစွပ်စွဲမိလိုက်တယ်ဟာ ငါလွန်သွားပြီ အခု သူငါ့ကိုထားသွားပြီ Li ငါ့ကိုထားခဲ့ပြီ စာလေးတစ်စောင်စကားတစ်ခွန်းမှမပြောဘဲ ငါ့ကိုထားသွားခဲ့ပြီ ငါ ငါ ဘာလုပ်ရမှာလဲဟင် အမ 😭😭"

Value🖤✨Where stories live. Discover now