စိတ်ညစ်ညစ်နဲ့ဟန်မြစ်ဘေးမှာဘဲအတွေးပေါင်းမြှောက်များစွာကိုသာတွေးရင်း ရုံးဆင်းချိန်မှအိမ်ပြန်လာခဲ့လိုက်တယ်
Lisa-"Unnie ကျေးဇူးပါနော် မ ကိုဂရုစိုက်ပေးလို့"
Irene-"ရပါတယ်ဘာမှမဖြစ်ပါဘူး အခု Jenကအိပ်ပျော်နေတယ် Unnieသူ့ကိုဆေးတိုက်ထားတယ် အခုတော့Unnieပြန်တော့မယ်နော်"
Lisa-"ဟုတ်ကဲ့ Unnieကောင်းကောင်းပြန်ပါနော်"
Irene-"Bye Lisa"
အခန်းထဲဝင်တော့အိပ်ပျော်နေတဲ့ မ က တဂယ်အပူပင်ကင်းတဲ့ရုပ်လေးနဲ့ သူ့အနားသွားပြီး သူ့ပါးလေးကိုမြတ်မြတ်နိုးနိုးနဲ့နမ်းလိုက်တယ် ကျွန်မပါးေပါ်မျက်ရည်တစ်ချို့ဟာစီးကျလို့လာတယ် ပြီးတော့ မ ပါးကိုညင်ညင်သာသာလေးပွတ်သက်ပြီး စကားတွေပြောနေမိတယ်
Lisa-"မ ရယ် Liကြောင့် အရမ်းစိတ်ရှုပ်နေခဲ့ရတာလားဟင် Li မရည်ရွယ်ပါဘူး မ ရဲ့ မ ကိုလေ Li စီးပွားရေးကြောင့်မို့လက်ထပ်ခဲ့တာမဟုတ်ပါဘူး မ သိလား မ ဓာတ်ပုံလေးမြင်ကတည်းက ရူးမတက်ချစ်ခဲ့ရတာပါ ချစ်လွန်းလို့ လက်ထပ်ခဲ့တာပါ အခုတော့ Liရဲ့အချစ်တွေက မ အတွက်အနှောက်အယှက်တွေများဖြစ်နေပြီလားဟင် Li ဂရုစိုက်လေလေ မ မုန်းလေလေ ဟုတ်လား မ ရယ် မ စကားလုံးတွေကြောင့် Liသေမတက်နာကျင်ရပါတယ် Li ကမကောင်းဘူးနော် မ ကိုဒေါသထွက်အောင်ဘဲလုပ်နေတာ Li အချစ်တွေဘဲလွန်တာနေမှာပါ မ မှာအပြစ်မရှိပါဘူး မ မုန်းရင်လည်းအမုန်းခံပြီးတော့ကိုချစ်အုံးမှာပါ Li အချစ်သာစစ်ရင်ရောင်ပြန်တော့ဟက်မှာပါ မ ကိုသိပ်ချစ်တယ်"
အနီမကကျွန်မအိပ်နေပြီအထင်နဲ့အပြင်ထွက်သွားတယ်သူ့အသံကြားတော့ကျွန်မလည်းအိပ်ချင်ယောင်ဘဲဆောင်နေလိုက်တယ် သူတော့ကျွန်မအိပ်ပျော်နေတယ်ထင်လို့နေမှာ ကျွန်မပါးပေါ်အကြင်နာတစ်ပွင့်ပေးခဲ့တယ်လေ သူပြောတဲ့စကားတွေကြားတော့ ကျွန်မရင်ထဲတစ်မျိုးကြီးဘဲ ကျွန်မအခုချိန်မှာသူ့ကိုချစ်လို့မရသေးပေမဲ့ နည်းနည်းတော့သနားစိတ်ဝင်မိတယ် ကျွန်မကြောင့် သူ သိပ်ပင်ပန်းနေပြီလေ❄️
~~~Value🖤✨~~~
Jen-"Umm...Ummm.."
မ ကညကြီးသန်ခေါင်အဖျားတွေတက်ပြီးငြီးနေပြီ သူအဖျားတက်တော့ ည 1နာရီတောင်ထိုးနေပြီလေ နဖူးကိုစမ်းကြည့်တော့ အဖျားကတော်တော်လေး ကြီးတယ် ကျွန်မမှာလည်းညကြီးသန်ခေါင် မ ကိုရေပက်တိုက်ရန် ဇလုံထဲရေထည့်ဘာညာနဲ့တစ်ယောက်ထဲ ပြာယာခတ်နေမိသည် 45 minလောက်ရေပက်တိုက်ပေးလိုက်မှ အဖျားကျသွားတယ် နာရီကြည့်တော့ 2နာရီတောင်ကျော်နေပြီလေ ကျွန်မလည်း Company caseတွေရော စိတ်ပင်ပန်းတာတွေရောပေါင်းပြီး သူ့လက်လေးကိုကိုင်ရင်းသူ့ဘေးမှာသာအိပ်ပျော်သွားခဲ့တယ်✨❄️

YOU ARE READING
Value🖤✨
RomanceLisa-"တစ်နေ့နေ့တော့ မ ပြန်ချစ်လာမှာဘဲဆိုတဲ့မျှော်လင့်ချက်လေးနဲ့အနားနားမှာ အမြဲရှိပေးနေခဲ့ပေမဲ့ မ ကလူကိုစိမ်းစိမ်းကားကားရက်စက်တယ် စိတ်ချပါ မ ရယ် အချိန်တစ်ခုလေးတော့ပေးပါ မ မမြင်ချင်ရင် တိတ်တိတ်ကလေးထွက်သွားမှာပါ" Jen-"လွမ်းတယ် မင်းမရှိတော့မှ မင်းရဲ့ဂရု...