" ဘာလို့ ပီကေ စားနေတာလဲ "
" ချိုလို့ပေါ့ "
" ဒါဆို ဘာလို့ ထွေးထုတ်လိုက်တာလဲ "
" အချိုကုန်သွားလို့ပေါ့ "
" နောက်ဆုံးမှာ ထွေးထုတ်ဖို့ ဆိုရင် အစကတည်းကများ ဘာလို့ ပါးအညောင်းခံပြီး စားနေသေးလဲ "
" ပါးအညောင်းခံပြီး ဝါးနေရတဲ့ အခိုက်အတန့်တိုင်းမှာ လျှာထဲကို ပျော်ဝင်လာတဲ့ အချိုဓာတ်လေးကို ဘာနဲ့မှ မလဲနိုင််ဘူး။ ဒီပီကေကို ငါ ထွေးထုတ်လိုက်ရင်တောင် သူပေးခဲ့တဲ့ လျှာပေါ်က အချိုဓာတ်လေးကိုတော့ ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး။ "
" လူတွေကိုရော .. အချိုကုန်သွားရင် ထားခဲ့မှာလား "
" အချိုကုန်သွားတဲ့ ပီကေကို ဘယ်သူက အပင်ပန်းခံပြီး ဆက်စားတော့မှာလဲ။ အဲဒီ ပီကေက ပါးအညောင်းခံပြီး ဝါးရလောက်တဲ့အထိ နှမြောစရာ ကောင်းနေရင်တော့လည်း တစ်မျိုးပေါ့။ ငါကတော့ ဆက်မဝါးဖြစ်တော့မယ့် အမျိုးအစားပဲ။ ဘဝမှာ ဘယ်လောက်ပဲ အတူတူ ရှိနေပါစေ၊ နှစ်ယောက်ကြားထဲမှာ အချိုဓာတ်လိုမျိုး sparks လေးတွေ လုံးဝ မရှိတော့ရင် ... အတူတူ ရှိနေလည်း ဘယ်လိုလုပ် အဓိပ္ပာယ် ရှိပါတော့မလဲ။ "
Arthur က model မလုပ်ဘဲ စာရေးဆရာ လုပ်ခဲ့သင့်တာ။ သူနဲ့ စကားတစ်ခွန်း ပြောလိုက်ရင် အထအနတွေ ကောက်ပြီး အလိုလိုနေရင်း conversation က deep သွားရော။ အခုလည်း အလုပ်ကိစ္စ ရှိလို့ ရိပေါ်က စကားပြောဖို့ ခေါ်တွေ့တာကို ပီကေ တဖောက်ဖောက်နဲ့ ဝါးနေလို့ စလိုက်ရာကနေ စကားရဲ့ direction က တော်တော် ပြောင်းနေပြီ။
" အဲဒီတော့ .. မင်းနဲ့ Leo ကရော။ Sparks တွေ ကုန်သွားပြီလား။ အဆင်ရော ပြေရဲ့လား။ အခုတလော နှစ်ယောက် က အရင်လောက် တတွဲတွဲ မဟုတ်တော့ဘူးလားလို့ "
" အင်း ... အရင် Leo နဲ့ တော့ မဟုတ်တော့ဘူး။ ငါအခု နောက် Leo တစ်ယောက် ထပ်တွေ့ထားတယ် "
" ဟင် ... ထပ်ပြီး Leo ပဲလား "
ချန်ဖေးယွီရဲ့ ထူးခြားတဲ့ အချစ်ဇာတ်လမ်းလေး ကတော့ သူ့ဘက်က စကြိုက်လိုက်သမျှတိုင်း နာမည်က Leo ဖြစ်နေတာကြီးပဲ။ အခုလည်း ဘယ်က Leo ကို ဘယ်လို တွေ့လာပြန်ပြီလဲ မသိ။