| Prologue | Z

19 2 0
                                    

ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးဆိုတဲ့ အသိနဲ့တင်
မျှော်လင့်ချက်တွေက အစိတ်စိတ်အမွှာမွှာ လွင့်စင်ကြေကွဲရပါတယ်။

နီးစပ်ခဲ့ဖူးပြီးပြီ .. ပွင့်လင်းခဲ့ဖူးပြီးပြီ။
အရွေးချယ်မခံရတဲ့ဘဝမှာ ..
ရွေးချယ်ခွင့်ဆိုတာ မရှိတဲ့အခါ ဒုတိယ အခွင့်အရေးဆိုတာကိုလည်း ထပ်မလိုချင်တော့ဘူး။

သူငယ်ချင်း ..
ချစ်သူ ..
အိမ်ထောင်ဘက် ..
သူတို့ နှစ်ယောက်လုံး ဒီထပ်ပိုပြီး နီးကပ်တဲ့ ဆက်ဆံရေးမျိုး ဆိုတာ မရှိတဲ့အထိကို နီးကပ်ခဲ့ကြပြီးပြီ။

တစ်ယောက်ရင်ထဲ တစ်ယောက် ထွင်းဖောက်မြင်နိုင်ခဲ့ပြီး
တစ်ယောက်အတွက် တစ်ယောက် အကောင်းဆုံး ဖြည့်ဆည်းပေးခဲ့ကြပြီးပြီ။

ဘာမှ မရှိတဲ့ ဘဝလေးကနေ ဘာကိုမှ မလိုအပ်တော့တဲ့အထိ ပြည့်စုံတဲ့ ဘဝလေးရောက်အောင် ကြိုးစားခဲ့ကြပြီးပြီ။ ဘယ်လောက်တောင် ပြည့်စုံနေသလဲလို့မေးရင် တစ်ယောက်ကို တစ်ယောက်တောင် မလိုအပ်ကြတော့တဲ့ အထိကိုပဲ။

the best for you Where stories live. Discover now