HE'S NOT HERS ANYMORE!
Ep(2)
ChanBaek(yaoi)
**We have Girlfriends**
Baekhyun's pov:
two weeks ago~~~
အတွေးတစ်ခု.....!
ဘာမပြောညာမပြောဝင်ရောက်လာတဲ့ အတွေးတစ်ခု ...
အကျိုးသက်ရောက်မှုတော်တော်ပြင်းပါတယ်...
ကျွန်တော်Chanyeolကိုချစ်တယ်.....
သူ့မျက်လုံး သူ့မျက်ခုံး သူ့နှုတ်ခမ်း သူ့အသံ သူ့အနမ်း သူနဲ့ပတ်သက်သမျှအရာအားလုံးပဲ ... ကျွန်တော်ချစ်မြတ်နိုးတယ်...
ဒါပေမယ့်လည်း.....
ရှင်းရှင်းပဲပြောမယ်ဗျာ...တစ်လလောက်အကြာမှာ ကျွန်တော်သူနဲ့ဆက်မတွဲချင်တော့ဘူး...သူနဲ့တွဲရတာလည်းတစ်ခုခုလစ်ဟာနေသလိုပဲ....
အကြီးမားဆုံးအကြောင်းပြချက်က...သူနဲ့ကျွန်တော်ဟာယောက်ျားလေးအချင်းချင်းကြီးချစ်နေကြတယ်ဆိုတာပဲ....
ဟုတ်ကဲ့ ကျွန်တော်တို့ စစချစ်ချင်းတုန်းကတော့ အဲ့ဒီအကြောင်းအရာကိုတစ်ခါလေးတောင်ထည့်မတွေးခဲ့ပါဘူး...ဒါပေမယ့်တစ်လလောက်အကြာမှာတော့ထည့်တွေးလာမိပြီလေ...အဲ့ဒီအကြောင်းအရာကို မိုက်မိုက်မဲမဲထည့်တွေးမိလိုက်ပြီ...
ဟုတ်ပြီ အဲ့အကြောင်းအရာနဲ့ပက်သတ်လို့ ကျွန်တော်ဘယ်လိုထည့်တွေးလိုက်လဲ...?
ကျွန်တော့်သူငယ်ချင်းတစ်ယောက်ပြောလိုက်တဲ့စကားကစတာပါပဲ....
''Baekhyun ah!မင်းကိုတားတော့ မတားမြစ်ချင်ပါဘူး ဒါပေမယ့် သေချာစဉ်းစာပြီးမှ ဆုံးဖြတ်စေချင်တယ်... မင်းရောသူရော ချစ်နေတာကဟုတ်တယ်..ထားတော့...ဒါပေမယ့်လည်းမင်းတို့နှစ်ယောက်လုံးကယောက်ျားကြီးတွေလေ...အခုအချိန်မှာအဆင်ပြေချင်ပြေပေမယ့်နောင်တစ်ချိန်ကျအဆင်ပြေနိုင်ဖို့မင်းအာမခံပါ့မလား?တခြားယောက်ျားလေးတွေကဘာလို့မိန်းကလေးတွေကိုပဲကြိုက်ကြလဲဆိုတာရောမင်းထည့်တွေးဖြစ်လား?လိင်တူချင်းကြိုက်တယ်ဆိုတာရေရှည်မမြဲနိုင်ဘူးကွ ....မင်းသေချာပြန်စဉ်းစားကွာ သဘာဝကို လွန်ဆန်တာမကောင်းပါဘူး...''