(Uni)
Coffeeခွက်ကိုကိုင်ပြီး ပြတင်းပေါက်ဘေးက ထိုင်ခုံလေးမှာထိုင်လိုက်ရင်း အပြင်ဘက်ကို တွေတွေလေး ငေးနေမိတယ် ဪ မိုးဦးတောင်ရောက်ခဲ့ပြီဘဲ ချစ်ဦးသူတစ်ယောက်ရော ဘယ်စီဘယ်ဝေများရောက်နေပါလိမ့် ငါတို့တွေဝေးသွားလိုက်ကြတာ ကမ်းမမြင်လမ်းမမြင်အောင်ပါဘဲလား မိုးသံဖြောက်ဖြောက်ကြားတိုင်း ရက်စက်သွားသူကိုသိပ်သတိရတယ် တစ်ခါတစ်လေ ရူးနမ်းပြီးလည်းတွေးကြည့်မိသေးတယ် မိုးစက်တွေနဲ့အတူ ငါ့ဆီနင်များပြန်လာလေမလားလို့ အဟက် ဒါက မိုက်ရူးရဲဆန်တဲ့အတွေးတစ်ခုပါ ဝင်လာပါလို့ငါမခေါ်ခဲ့ဘူး Li ဒါပေမဲ့နင်ဘဲ ရုတ်တရက်ဝင်လာတယ် ငါ့ကိုနင်အမှတ်တရတွေပေးတယ် ထွက်သွားပါလို့ငါမပြောပါဘဲနဲ့လည်း နင်ရုတ်တရက်ထွက်သွားခဲ့တယ် ထားသွားတော့လည်း ငါနေနေခဲ့ရတာပါဘဲ နင်ပေးတဲ့အမှတ်တရတွေနင်ပေးတဲ့နာကျင်မှုတွေနဲ့ပေါ့ ငါအနည်မထိုင်သေးဘူး Li နှစ်နဲ့ချီလို့ ကြာခဲ့ပေမယ့်ပေါ့ နင်ငါ့ကိုထားခဲ့တာ 2 နှစ်ရှိခဲ့ပြီ ငါ့စိတ်ထဲမှာတော့ အဖြစ်အပျက်တွေကမနေ့တစ်နေ့ကလိုဘဲ မစဉ်းစားပါဘဲနင့်အကြောင်းတွေအလိုလိုငါ့ခေါင်းထဲရောက်လာတယ် မထင်ရင်မထင်သလို နင့်အပြုံးတွေ ငါမြင်ယောင်မိတယ် ငါမကြားချင်ပါဘဲနဲ့လည်းနင့်ရယ်သံလွင်လွင်လေးတွေငါကြားယောင်မိနေတုန်းပါဘဲ တိုက်ဆိုင်မှုရှိမှသတိရတာမဟုတ်ဘူးLi ငါနင့်ကိုအချိန်တိုင်းသတိရနေတာ "အရမ်းချစ်တယ် Jen" နင်ပြောခဲ့တာအမြဲတမ်းအတွက်တော့မဟုတ်ဘူးထင်တယ် သို့ပေမယ့် ငါယုံကြည်မိခဲ့တယ် Li ငါရူးနမ်းခဲ့မိတယ် ငါအရမ်းလည်းချစ်ခဲ့တယ် အခုထိလည်းချစ်နေတုန်းပါဘဲ သိပ်ရက်စက်တဲ့နင့်ကို ထားသွားရက်တဲ့နင့်ကို ငါ ရင်နဲ့အမျှ ချစ်နေတုန်းပါဘဲ Li 💔~ Different But ~
စီးကရက်တစ်လိပ်ကိုလက်ကြားထဲညှပ်ပြီး ပြိုတော့မယ့်မိုးကို မော့ကြည့်နေမိတယ် ဖြတ်ခနဲဆိုသလိုအတွေးထဲ ဝင်လာသူမှာ Jen ဒီလိုမိုးဦးရောက်ချိန်မှာ နင်နဲ့ငါနဲ့ စတွေ့ခဲ့ကြတယ်နော် အဲ့တုန်းကနင့်ပုံရိပ်လေး မိုးရေတွေရွှဲနေတဲ့နင့်ပုံစံလေး ငါအခုထိအမှတ်ရနေတုန်းပါ အခုတော့လည်း ဒါတွေကပြီးခဲ့ပါပြီ နင်ရောဘယ်လိုလဲ အဆင်ပြေရဲ့လား ငါကတော့မပြေဘူး Jen "မဖြစ်နိုင်တော့ဘူး" ဆိုတဲ့ခေါင်းစဉ်အောက်မှာနင်နဲ့ငါဝေးခဲ့ကြတယ်နော် ငါတို့တစ်နေ့တော့ပြန်ဆုံနိုင်မလား Jen 💔
YOU ARE READING
Different But
DiversosLisa - ခြားနားပါတယ်သို့ပေမဲ့ချစ်ခဲ့ကြတယ် ပြီးတော့ အခုဆိုဝေးခဲ့ကြပြီ ဒါပါဘဲ မင်းနဲ့ငါ့ရဲ့ဇာတ်လမ်းတစ်ပုဒ်က 💔 Jen - ခြားနားပါတယ်သို့ပေမဲ့ မိုက်မဲခဲ့ကြတယ် နောက်ဆုံးတော့ "မဖြစ်နိုင်တော့ဘူး" ဆိုတဲ့စကားလုံးတစ်လုံးနဲ့ ငါ့ကိုချန်ထားခဲ့တယ် ဒါပါဘဲ နင်နဲ့ငါ့ရဲ...