စူးရှတဲ့နေဝန်းကြီးနဲ့အတူ ကောင်းကင်တစ်လွှားက လင်းလက်တောက်ပနေရှာတယ်။တိမ်စိုင်တိမ်သားတွေနဲ့ အလှခြယ်ပန်ချီကားတချပ်လို မနက်ခင်းအလှတခုဟာ အသက်ဝင်လှပြီး အေးမြတဲ့လေပြေညှင်းတွေက ပန်းပေါင်းစုံရနံ့ကိုဆောင်ယူလာတဲ့သကာလ..
ဝေဟင်ထဲ ပျံဝဲ ဖြတ်သန်းသွားတဲ့ ကြိုးကြာမောင်နှံတွေနဲ့ အထီးကျန်ခြင်းက
မားမားကြီးရပ်လို့ တစုံတယောက်ကိုစောင့်ကြိုနေသလို တိတ်ဆိတ်နေတဲ့ 'မဟူရာ'နန်းတော်ကြီး။"ကျိန်စာဆိုးတွေကြောင့် ဝေးခဲ့ရပြီးပြီ..ဝေ့ရင်း..ကိုယ်စောင့်နေတယ် ပြန်လာပါတော့
အနားကို.."အနက်ရောင် အခိုးအငွေ့တွေကနေ ပြောင်းလဲသွားတဲ့ ပုံရိပ်နောက်မှာ..
ထိတ်လန့်ခြင်းများနဲ့ အော်မိသူက.. ရှောင်ကျန့်ပေ။"အားးးးမလာနဲ့..မလာနဲ့ ထွက်သွား..
အားးးမကောင်းဆိုးဝါးကြီး..ထွက်သွား.."ကြောက်လန်တကြား လန့်နိုးလာမိသူမှာ
ချွေးများနဲ့ မောဟိုက်နေတော့တယ်။''ဟင်..ဟင်..ဟင်..ဟူးးးး
ကြောက်လိုက်တာ..လေးလေးကျန်း
ကယ်ပါအုံး။''ေရှာင်ကျန့်ရဲ့အော်သံအဆုံး အခန်းထဲပြေးဝင်လာတဲ့ ဂျော်သန်ကျန်းချန်း..
''ဘာဖြစ်တာလဲ ရှောင်ကျန့်..ငါ့တူချောလေး
ဟမ်း..ချွေးတွေနဲ့ပါလား။''"လာလာ..ရော့..ရေအေးအေးလေးသောက်လိုက် ဘာမှမရှိဘူး မကြောက်နဲ့တော့..
လေးလေးကျန်း ရှိတယ် ပြန်အိပ်လိုက်နော်
လိမ္မာတယ် ရှောင်ကျန့်..."အတိတ်ကအကြောင်းတွေကို အယုံအကြည်မရှိတဲ့ ဂျော်သန်ကျန်းချန်းဟာ..အရမ်းပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင်နေတတ်သူတစ်ယောက်ပါ။
ပြီးတော့ သူက ရှေ့ဟောင်း စာပေတွေနဲ့
မံမီရုပ်အလောင်းတွေကိုတော့ စိတ်ဝင်စားသူဖြစ်ပြန်တယ်။ ဝါသနာ ဗီဇကြောင့်ပါ။ရှောင်ကျန့်ကတော့ သူ့ရဲ့တစ်ဦးတည်းသော တူချောလေးပါ။
ယဥ်ကျေးမှုပြတိုက်နဲ့ စာကြည့်တိုက်မှာ အလုပ်လုပ်တဲ့ ရှောင်ကျန့်။