Unicode&Zawgyi
Unicode
ပြာလွင်နေတဲ့ကောင်းကင်ကြီးအောက်မှာဖြတ်သန်းစီးဆင်းနေတဲ့ဟန်မြစ်ပြင်ကြီးကအလွန်မှလှပလွန်းလှသည်။ဟန်မြစ်ကိုဖြတ်ပြီးတည်ဆောက်ထားတဲ့တံတားကြီးပေါ်မှာလည်းကားရောင်စုံတို့ကဖြတ်သန်းသွားလာလျှက်
ဒီနေ့ပိတ်ရက်မို့ထင်တယ်....ဟန်မြစ်ဘေးမှာအားကစားလုပ်နေတဲ့သူတွေ....စက်ဘီးစီးနေတယ့်သူတွေ....အပန်းလာဖြေတဲ့မိသားစုတွေနဲ့စည်ကားနေသည်။
သူလည်းမြစ်ပြင်ကနေတစ်ဆင့်ဖြတ်တိုက်လာတဲ့လေနုအေးလေးကိုမျက်လုံးမှိတ်ခံယူရင်းအစ်ကို့ကိုစောင့်နေလိုက်တော့တယ်။သိပ်မကြာခင်မှာပဲရောက်လာတဲ့အစ်ကို။
"ဂျောင်ကု"
ခေါ်သံနဲ့အတူသူ့ဘေးနားဝင်ထိုင်နေတဲ့အစ်ကိုဆိုသူမှာဆိုးလ်မြို့ကြီးရဲ့ညနေခင်းအလှထက်ပို၍ပင်ပြည့်စုံလွန်းသည်။
နဖူးပြင်မကျဉ်းမကျယ်လေးနဲ့ထိုနဖူးပြင်လေးကိုဖုံးအုပ်ထားတဲ့အနက်ရောင်ဆံပင်ပျော့ပျော့လေးတွေ။တောက်ပလွန်းလှတဲ့မျက်လုံးတစ်စုံထဲမှာအရည်ကြည်တို့လဲ့နေသည်။နှာတံဖြောင့်ဖြောင့်စင်းစင်းလေးဟာချယ်ရီရောင်နှုတ်ခမ်းဖူးလေးတွေနဲ့အဆုံးသတ်သည်။
လက်ကလေးတွေတင်မကလက်သန်းခွံလေးတွေကပါနုဖတ်ကြည်လင်နေသည်။အသားအရည်ဆိုတာကတော့ဆိုဖွယ်ရာမရှိ။ဆောင်းရာသီရဲ့နှင်းစက်လေးတွေအလားကြည်လင်လွန်းလှသည်။
ယောကျာ်းလေးတစ်ယောက်အနေနဲ့ပြည့်စုံလွန်းသည်။ ခမ်းနားလွန်းပါတယ်အစ်ကိုရယ်။
"ဂျောင်ကု......."
အစ်ကို့ခေါ်သံကြားတော့မှသူသတိပြန်ဝင်လာခဲ့သည်။ ဘယ်လောက်တောင်ငေးနေမိပါလိမ့်။
"ဗျာ.....အစ်ကိုဘာလဲ"
"ကျွန်တော်ကမေးရမှာလေ .........ခင်ဗျားလေးခေါ်ထားလို့ကျွန်တော်ကဒီကိုရောက်နေတာလေ........သူပဲစက်ဘီးစီးသင်ချင်တယ်ဆိုလို့လည်းလာရသေးတယ်.......လူကိုတွေတွေကြီးစိုက်ကြည့်နေပြီးဘာမှလည်းမပြောဘဲနဲ့"
အစ်ကို့စကားကြောင့်သူ့မျက်နှာကြီးရဲတောက်နေမှာတော့မှန်မကြည့်ဘဲတောင်ပြောနိုင်သည်။
YOU ARE READING
The Truth Untold{မပြောဖြစ်ခဲ့သောအမှန်တရားများ} [Completed]
Fanfictionအစ်ကို့ဘဝကအဆိပ်တွေနာကျဉ်းမှုတွေအမုန်းတရားတွေနဲ့တည်ဆောက်ထားတယ်ဆိုပေမယ့်မင်းအပေါ်ထားရှိတဲ့အချစ်တွေကတော့ဖြူစင်ပါတယ်ကလေးငယ်ရယ်။ အစ်ကို့ဘဝကအဆိပ်တွေနာကျဉ်းမှုတွေအမုန်းတရားတွေနဲ့တည်ဆောက်ထားတယ်ဆိုပေမယ့်မင်းအပေါ်ထားရှိတဲ့ချစ်ခြင်းတွေကတော့ဖြူစင်ပါတယ်ကလေးငယ်ရယ်။