Unicode & Zawgyi
Unicode
ဆော့ဂျင်တစ်ယောက်ဘားမှာထိုင်နေတာကလေးဆီကပြန်လာတဲ့နေ့လည်ကတည်းကခုဆိုညတောင်ရောက်နေပြီ။
ထိုင်နေတဲ့တစ်လျှောက်လုံးရေရွတ်နေမိတာတစ်ခွန်းတည်းသာ........
"ဘာကြောင့်လဲ.........."
စိတ်ပေါက်ပေါက်နဲ့လက်ထဲကဝိုင်ခွက်ကိုပစ်ပေါက်လိုက်ပြီးစားပွဲပေါ်ကဝိုင်ပုလင်းတွေရောအလှပန်းအိုးတွေပါတွန်းချလိုက်သည်။အကျိုးဆက်ကျတော့အနီရောင်သွေးစက်များအဆီးအတားမရှိကျဆင်းလာခြင်းပင်။
မနာဘူးလားဆိုနာတာပေါ့........အသွေးနဲ့အသားနဲ့ဖွဲ့စည်းထားတဲ့လူသားတစ်ယောက်ပဲမနာဘဲရှိပါ့မလား.........ဒါပေမယ့်ကလေးငယ်ကိုဆုံးရှူံးရမယ်ဆိုတယ့်အတွေးတွေကပိုနာတယ်........။
သွေးတွေ......ဟုတ်တာပေါ့သွေးတွေ......သူ့ခန္ဓာကိုယ်ကကျဆင်းနေတဲ့သွေးတွေ.........ဒီသွေးတွေကိုမြင်ရမှာထက်......ကိုယ့်ကြောင့်ဆိုတဲ့ခေါင်းစဉ်အောက်ကနေကျဆင်းလာမယ့်ကလေးငယ်ရဲ့မျက်ရည်ကြည်လေးတွေကိုကြည့်ရမှာပိုကြောက်တယ်............။
ပူလောင်ရတယ်ကလေးငယ်.......မချစ်သင့်တဲ့သူကိုမှချစ်မိလေခြင်း...........မပက်သက်သင့်တဲ့သူကိုမှပက်သက်မိခြင်း.........ဘယ်သူ့ကိုအပြစ်တင်သင့်လဲကလေးငယ်.......ကိုယ့်ကိုကိုလား......ချစ်ခဲ့မိတဲ့နှလုံးသားတစ်စုံကိုလား.....ကိုယ်တော့ကြာရင်ရှုးတော့မယ်ထင်ပါတယ်.......
"Soobinလား.......မနက်ဖြန်မနက်ထွက်မယ့်လေယာဉ်တွေထဲမှာအစောဆုံးကိုရှာပြီးငါ့အတွက်လက်မှတ်ဖြတ်ထားလိုက်.........LAကိုသွားမလို့"
ပြောပြီးတာနဲ့ဖုန်းကိုပစ်ချလိုက်သည်။ဒီလိုအချိန်မျိုးဆိုသူ့အနားမှာအမြဲတမ်းရှိနေခဲ့တာYoongiတစ်ယောက်တည်းသာ။
ဟုတ်တယ်........Yoongiသာဆိုသူ့ကိုအကြံပေးနိုင်မှာပဲ.......မဆက်သွယ်ပဲထွက်သွားခဲ့မိတဲ့အတွက်တောင်းပန်ပါတယ်ကလေးငယ်........
လက်ဖြူဖြူလေးမှစီးကျနေတဲ့သွေးနီနီတွေကတော့တစ်စက်ချင်းဆီကြမ်းပြင်ပေါ်သို့ကျလျှက်ပေါ့။
~~~~~~~~~~~~~
"Min Yoongi.......ငါဒီမှာ"
ပြောလိုက်တော့မရီမပြုံးမျက်နှာနဲ့လှည့်ကြည့်လာတဲ့ချစ်လှစွာသောသူငယ်ချင်းလေး.......ဒီလိုပါပဲရေခဲတုံးကိုသူငယ်ချင်းတော်မိတော့။
![](https://img.wattpad.com/cover/245536273-288-k674552.jpg)
ESTÁS LEYENDO
The Truth Untold{မပြောဖြစ်ခဲ့သောအမှန်တရားများ} [Completed]
Fanficအစ်ကို့ဘဝကအဆိပ်တွေနာကျဉ်းမှုတွေအမုန်းတရားတွေနဲ့တည်ဆောက်ထားတယ်ဆိုပေမယ့်မင်းအပေါ်ထားရှိတဲ့အချစ်တွေကတော့ဖြူစင်ပါတယ်ကလေးငယ်ရယ်။ အစ်ကို့ဘဝကအဆိပ်တွေနာကျဉ်းမှုတွေအမုန်းတရားတွေနဲ့တည်ဆောက်ထားတယ်ဆိုပေမယ့်မင်းအပေါ်ထားရှိတဲ့ချစ်ခြင်းတွေကတော့ဖြူစင်ပါတယ်ကလေးငယ်ရယ်။