Episode. 6

2.2K 223 17
                                    

Unicode & Zawgyi

Unicode

"ဒီတိုင်းအအေးမိပြီးဖျားတာပါ....အဖျားကြီးသွားတော့အားနည်းပြီးသတိမေ့သွားတာပါ....ခုတော့ဆေးထိုးပြီးသွားပြီဆိုတော့နိုးလာရင်အားရှိတာတစ်ခုခုကျွေးပြီးဆေးတိုက်လိုက်ပါ "

"ဟုတ်......ဒေါက်တာ...ကျေးဇူးတင်ပါတယ်"

ဒေါက်တာပြန်သွားတော့မှသူလည်းကုတင်ဘေးကကြမ်းပြင်ပေါ်ဒူးထောက်ထိုင်လိုက်ပြီးယုန်ပေါက်လေးမျက်နှာလေးကိုတမေ့တမောထိုင်ကြည့်လိုက်မိသည်။

အဖျားသွေးလေးနည်းနည်းကျန်နေသေးတဲ့နှာဖျားလေးတွေကရဲလို့။ပါးလေးတွေဆိုတာကလည်းဖျစ်ညစ်ပစ်ချင်စရာကောင်းလောက်အောင်ဖောင်းပြီးရဲနေသေးသည်။ပါးစပ်လေးပွင့်ကာအိပ်ပျော်နေတာမို့ယုန်သွားလေးနှစ်ချောင်းကလည်းပေါ်နေသေးသည်။နှုတ်ခမ်းလေးဆိုတာကလည်းရဲလို့။နှုတ်ခမ်းလေးအောက်ကမှဲ့လေးကလည်းချစ်စရာ။

ဘယ်လိုကြည့်ကြည့်ယုန်နဲ့တစ်ရုပ်တည်း။ဒါတောင်သူ့ကိုယ်သူယုန်မဟုတ်ပါဘူးတို့ယုန်နဲ့မတူပါဘူးတို့ကိုအသည်းအသန်ငြင်းသေးတာ။

ဆော့ဂျင်လည်းတစ်ဝကြီးကြည့်ပြီးမှနဖူးပေါ်တင်နေတဲ့ဆံပင်ခပ်အုပ်အုပ်လေးတွေကိုသပ်တင်ပေးလိုက်သည်။

"ကလေးငယ်ရယ်...ဘာတွေကိုများခံစားနေရလို့နေမကောင်းပြီးလဲတဲ့အထိဖြစ်ရတာလဲ"

ခဏကြာတော့မှတအင်းအင်းတအဲအဲနဲ့နိုးလာတဲ့အကောင်ပေါက်။

"ယုန်ပေါက်လေးနိုးလာပြီလား"

"ဟင်...အစ်ကို....အစ်ကိုဘယ်လိုလို့ကျွန်တော့်အခန်းထဲရောက်နေတာလည်း......"

ဆော့ဂျင်ရှေ့ကအိပ်ချင်မူးတူးနဲ့ယုန်ပေါက်ကိုကြည့်ရင်းကြည့်ရင်းနဲ့အသည်းတွေ..အူတွေယားလာရသည်။

ခုထိမျက်လုံးလည်းမဖွင့်သေးဘဲပြောချင်ရာတွေဇွတ်ပြောနေတာ။ဘယ်သူ့အခန်းဘယ်သူကရောက်နေတာလည်းမသိသေးပုံ။

"အစ်ကိုလေးရဲ့မျက်လုံးလေးလည်းပြူးပြဲကြည့်ဉီး....ဘယ်သူကဘယ်သူ့အခန်းထဲရောက်နေတာလည်းဆိုတာ".

The Truth Untold{မပြောဖြစ်ခဲ့သောအမှန်တရားများ} [Completed]Où les histoires vivent. Découvrez maintenant