Part 1 အိမ်ရှေ့စံအရမ်းပျင်းနေတယ်

1.6K 76 4
                                    

Unicode

မနက်နိုးလာလာချင်းမျက်လုံးဖွင့်ကြည့်လိုက်တော့စစချင်းမြင်သည်က အဖြူရောင်ကိုရွှေကွတ်ထားတသာမျက်နှာကျက်..
အနည်းငယ်ကျောဆန့်လိုက်ကာ အိပ်ရာဘေးကခေါင်းလောင်းကြိုးဆွဲလိုက်တော့ အထိန်းတော်များတန်းစီကာထွက်လာ​၏..
"အိမ်ရှေ့စံ ဘာအလိုရှိပါသလဲ"
အမိန့်အားစောင့်နေသည့်အထိန်းတော်ကြီးအားတစ်ချက်ကြည့်ရင်း..
" ကျွန်တော် ရေချိုးဖို့အတွက်ပြင်ပေးပါ ခပ်နွေးနွေးလေး မျက်နှာသစ်ဖို့ကောပဲ"
အမိန့်ပေးပြီးနောက် ကုတင်မှထကာ စားပွဲပေါ်ရှိပန်းသီးတစ်လုံးအားကိုက်လိုက်ရင်းပြတင်းပေါက်အပြင်အားကြည့်လိုက်​၏.. Korea Kingdom.. သူ့အခန်းကနေဆိုရင် Seoul အားသေသေချာချာမြင်ရသည်.. တိုက်ခေါင်မိုးပေါ်မှာနေပူဆာလှုံသောကြောင်လေးကအစ..
အချို့ကလေးတွေကတော့ သူ့အားမော့ကြည့်ကြ​၏..လူကြီးတွေကတော့နန်းတော်ပေါ်အားမော့မကြည့်ရဲကြ ရိုင်းပြရာကျသောကြောင့်ပင်.. အောက်ကမြို့တော်ရှုခင်းကြည့်ပြီးနောက်အပေါ်မော့ကြည့်မိပြန်​​သည်..
နန်းတော်နားပတ်ပတ်လည်တွင်တိုက်အရှည်များမရှိသောကြောင့် ကောင်းကင်အားရှင်းရှင်းလင်းလင်းမြင်ရ​၏.. SeokJinတစ်ယောက်သက်ပြင်းချမိသည်.. နေ့တိုင်းဒီမြင်ကွင်းပဲမြင်နေရတာရိုးလာပြီဖြစ်​၏ အိမ်ရှေ့မင်းသားဆိုတာထက် သူ့ကိုယ်သူထောင်သားတစ်ယောက်လိုခံစားရ​သည် စည်းစိမ်အပြည့်နှင့်​ေထာင်သားတစ်ယောက်
"ဟက်" သူပြုံးလိုက်​၏
ဘယ်ထောင်သားကမှသူ့လောက်မချမ်းသာသလို ချောလဲမချောပေမယ့်လဲပေါ့..
"အိမ်ရှေ့စံ မှာထားတဲ့အတိုင်း ရေချိုးကန်ပြင်ပြီးပါပြီ"
အထိန်းတော်တစ်ယောက်လာသတိပေးရာမှ ပြတင်းပေါက်နားကခွာကာ ရေချိုးကန်ထဲသို့ထွက်သွားလိုက်​၏.. တော်ဝင်ရေချိုးကန်ကလဲ ရေကူးကန်ကဲ့သို့ပင်.. တစ်ခါတစ်ခါတွေးမိသည် အဲ့လိုကြီးကျယ်အောင်လုပ်ဖို့လိုလို့လားလို့.. ဒီရေကန်ထဲမှာတစ်ယောက်တည်းစိမ်နေရသည်မှာပို၍ပင်အထီးကျန်မှုကိုခံစားရစေ​၏.. မျက်နှာသစ်ရေချိုးပြီးကာအပြင်ပြန်ထွက်လာတော့ အင်္ကျီဝတ်ပေးရင်အမျိုးသားအထိန်းတော်များကအသင့်.. အလိုက်သင့်ပင်သူတို့ပြင်ပေးသောအဝတ်အစားများကိုဝတ်ကာအခန်းအပြင်သို့ထွက်လာလိုက်သည်.. အဝတ်အစားမှာသေသပ်နေပေမယ့်အေးစက်နေ​၏နွေးထွေးမှုမရှိ..
ထမင်းစားခန်းရောက်၍ကြည့်လိုက်တော့ မိသားစုစုံနေပြီဖြစ်သည်..
"ဒီနေ့နောက်ကျတယ်နော်"
Seokjin ဝင်ထိုင်လိုက်သည်နှင့်တစ်ပြိုင်နက် မင်းကြီးတစ်ဖြစ်လဲ သူ့အဖေကလှမ်းပြော​၏..
"တောင်းပန်ပါတယ် ဖခမည်းတော်"
အဖေအလိုကျတောင်းပန်လိုက်ကာ မနက်စာစစားလိုက်သည်..
"အိမ်ရှေ့စံဆိုတာ..."
"ပြည်သူတွေရဲ့အနာဂတ်လမ်းပြ အမှားတစ်ခုမှမရှိရဘူး"
အဖေ့စကားအားဆက်ပြောကာလှမ်းကြည့်လိုက်​၏.. ဒီစကားအားဘယ်နှခေါက်ကြားနေမိလဲကိုမသိတော့ သက်ပြင်းချလိုက်ကာမနက်စာဆက်စားပြီးနောက်ခန်းမဆောင်မှထွက်သွားလိုက်သည်..
"ဘယ်သွားမလို့လဲ"
မိဖုရားဖြစ်သူတစ်ဖြစ်လဲမယ်တော်ထံမှစကားကြောင့်ရပ်လိုက်ကာ
"မြင်းစီးကျင့်မလို့ "
ပြန်ဖြေပြီးနောက် အခန်းထဲမှထွက်သွား​၏.. မြင်းစီးကွင်းဆီသို့သွားနေသောလမ်းတစ်လျှောက်Seokjin ကားပြတင်းပေါက်အားငေးမိသည်.. ကလေးတွေအတူတူဆော့နေတာမြင်တိုင်း ဘယ်လိုများနေမလဲတွေးမိ​၏.. ငယ်ငယ်တည်းကSeokjin တစ်ယောက် ကစားဖော်သိပ်မရှိခဲ့.. ပထမဆုံးကစားဖော်မှာ Seokjin အားမတော်တဆဒဏ်ရာရစေသဖြင့် သူနဲ့ဆက်ဆော့ခွင့်မပေးတော့ ဒုတိယတစ်ယောက်ကမူSeokjinအားအနိုင်ကျင့်သဖြင့် တတိယတစ်ယောက်ကမူ Seokjinငိုသည်ကိုလှောင်ရယ်၍အကြောင်းပြချက်အမျိုးမျိုးနဲ့ကစားဖော်တွေပြောင်းလဲခဲ့ရာမှနောက်ဆုံးကစားဖော်မရှိတော့တဲ့အထိ.. အကိုဖြစ်သူကလဲသူ့ဘာသာသူနေနေကာ Seokjin ကတစ်ခါမှဂရုမစိုက် အထူးသဖြင့်Seokjinအားအိမ်ရှေ့စံဘွဲ့ပေးလိုက်သတည်းက အနေပိုအေးသွားခဲ့သည်..
တကယ်တော့သူအိမ်ရှေ့စံဘဝကိုလဲမလိုချင်ခဲ့ ဒီလိုကြီးကျယ်ခမ်းနားတာတွေလဲမလိုချင် သူလိုချင်တာကသူများတွေလိုနွေးထွေးတဲ့မိသားစုတစ်ခု.. တွေးနေစဉ်မှာပဲကားရပ်လိုက်သဖြင့်မြင်းစီးကွင်းရောက်ပြီဖြစ်ကြောင်းသိလိုက်ရ​၏.. သူစိတ်ထဲဟာတာတာဖြစ်တဲ့အချိန်တိုင်း မြင်းစီးလေ့ရှိသည်.. အနည်းဆုံးတော့သူမြင်းစီးတဲ့အချိန်မှာဘာမှတွေးပူစရာမလို၍ဖြစ်မည်.. မြင်းစီးနေချိန်တွင်ပြီးပြည့်စုံတဲ့အိမ်ရှေ့စံ ဖြစ်နေစရာမလို.. ထိုအတွေးနှင့်အတူ မြင်းပေါ်သို့တက်ကာအရှိန်ပြင်းပြင်းနှင်လိုက်​၏..
မြင်းစီးကွင်းမှာSeokjin စိတ်တိုင်းကျအတိုင်းတောအုပ်ငယ်လေးလုပ်ပေးထားသဖြင့် အခြားကွင်းတွေလိုဟင်းလင်းပြင်တော့မဟုတ်.. သစ်ပင်ထူတဲ့ဘက်နားသို့မောင်းသွားကာ တစ်ရေးလောက်အိပ်ရန်ကြံမိသည်.. သိပ်တော့မကြာလိုက်မြင်းအရှိန်ကြောင့်ခဏအတွင်းပဲတောအနက်ပိုင်းသို့ရောက်သွား​​၏.. သက်တော်စောင့်တွေလိုက်ရှာမှာလဲစိတ်မပူရ ဒီခြံကားတော်ဝင်ပိုင်ဖြစ်၍ဘယ်သူ့မှမဝင်နိုင်.. လုပ်ကြံရန်ရောက်လာလျှင်တောင်Seokjin ဓားတစ်ချောင်းသယ်လာသဖြင့်သူ့ကိုယ်သူအတွက်တော့ခုခံနိုင်သည်.. သစ်ပင်တစ်ပင်တွင်မြင်းအားကြိုးချည်လိုက်ရင်း အနီးရှိစမ်းချောင်းနားလျှောက်သွား​၏.. ဤနေရာကားSeokjin​၏ကိုယ်ပိုင်နေရာဟုပင်ဆိုနိုင်သည်. သူတစ်ယောက်တည်းသာသိပြီး သူ့သဘောအတိုင်းသူနေနိုင်သည့်တစ်ခုတည်းသောနေရာလဲဖြစ်သည်..
"အင်း"
ကျောဆန့်လိုက်ရင်းမြက်ခင်းနားပေါ်လှဲချကာ ကောင်းကင်အားမော့ကြည့်လိုက်​၏.. ပြတင်းပေါက်ကမြင်နေကြမြင်ကွင်းထက် ဒီမြင်ကွင်းကပိုလွတ်လပ်သယောင်ခံစားမိ​သည်..
ဘယ်လောက်ထိလှဲအိပ်နေမိလဲမသိ ဗွမ်းဟူသောအကြံကြောင့်Seokjin လန့်နိုးသွား​သည်.. မသိစိတ်အရလက်ကအလိုလိုဓားဆီသို့ရောက်သွားသည်..
"ငါသေနတ်သယ်လာခဲ့သင့်တာ"
တိုးတိုးလေးရေရွတ်လိုက်ရင်း အသံရှိရာသွားလှမ်းသွား​၏... အသံကြားရာစမ်းချောင်းတစ်လျှောက်လိုက်သွားရာမှ ခြံစည်းရိုးအားလှမ်းမြင်လိုက်ရသည်.. ဒီထက်ဆက်သွား၍မရတော့...
"အသံကအပြင်ကထင်တယ်"
Seokjin တွေးလိုက်ကာခြံစည်းရိုးအပြင်ဘက်ချောင်းကြည့်လိုက်​​၏..
"ဂျော်ဂီရော်"
ဘယ်သူ့မှမရှိဘူးအထင်ဖြင့်ပြန်လှည့်သွားချိန်မှာမှအသံကြားရသောကြောင့် Seokjin လန့်သွား​၏.. လှည့်ကြည့်လိုက်ရာ စမ်းချောင်းအလယ်မှာထိုင်နေသောကောင်မလေးတစ်ယောက် Seokjin စိတ်မကြည်မသာဖြစ်သွား​၏ သူ့နောက်ကောင်မလေးတွေလိုက်တာမှန်ပေမယ့် ဒီလောက်ထိလိုက်စရာလိုလို့လား စိတ်ပျက်ဟန်ဖြင့်ကြည့်လိုက်ရင်ပြန်ထွက်သွားသည်..

This handsome prince is not normal but I love himWhere stories live. Discover now