Ep-11

2.9K 320 31
                                    

Unicode Version

ယနေ့နှင့်ဆိုလျှင်အဂ္ဂအဖို့ဇေယျတုကိုမမြင်မိသည်မှာသုံးရက်ရှိသွားလေပြီ။ ပုံမှန်ဆိုလျှင်တစ်ရက်ကိုသုံးခေါက်လောက် ရောက်လာတတ်သောထိုကောင်လေးကသုံးရက် ဆက်တိုက်ရောက်မလာလေတော့အနည်းငယ်စဥ်းစားစရာ ဖြစ်လာရသည်။ သို့သော်ငြားခပ်ကြာကြာထူးဆန်းမနေတော့ဘဲ စာလုပ်ရန်အသိဝင်သွား၍ဖြစ်မည်ဟုသာတွေးပြီး စိတ်ထဲမထားတော့ပေ။

အဂ္ဂမှာမိမိအခုတလောထူးဆန်းလာသည်ကိုကိုယ်တိုင် ခံစားမိသည်။ တစ်ခုခုကိုလုပ်နေရင်းမှလုပ်ချင်စိတ်မရှိတော့သလို၊ အရင်ကမလုပ်ဖူးသည့်အလုပ်ကိုလုပ်နေမိသလိုပင်။ ဥပမာ အရင်ရက်များတုန်းကသင်တန်းဖွင့်ဖို့ကိစ္စကို အားကြိုးမာန်တက်လုပ်နေပေမယ့်အခုတလောထိုကိစ္စကို အာရုံမရနိုင်သည်မျိုးနှင့် တစ်ခါမှအခန်းရှင်းရန်စိတ်ကူး မရှိဖူးသည့်အဂ္ဂဟာဧည့်သည်အိပ်ခန်းကိုဝင်၍ရှင်းလင်းနေမိသည်မျိုး။

ယနေ့လည်းမနက်စောစောစီးစီးအလုပ်မစခင်အချိန်များ ပိုနေသလိုရှိသဖြင့်ထိုအခန်းထဲရှိပစ္စည်းပစ္စယများကို နေရာတကျ ပြင်ဆင်နေမိပြန်သည်။ စိတ်သွားတိုင်းကိုယ်မပါဘဲ အဓိပ္ပါယ်မရှိသည့်အရာများကိုလုပ်နေမိသည်ကတော့ အမှန်ပင်။

အဂ္ဂလည်းသက်ပြင်းတချချနှင့်အခန်းရှင်းနေစဥ်တွင်အိမ်ရှေ့မှရင်းနှီးနေသောအသံတစ်သံကိုကြားလိုက်ရသဖြင့် အခန်းထဲမှထွက်ကာရောက်လာသူကိုကြည့်မိလေတော့ ရဲရင့်ဖြစ်နေလေသည်။

"ဘာလာလုပ်တာလဲ"

အဂ္ဂမှာထိုအခိုက်အတန့်လေးတွင်ဇေယျတုရောက်လာသည်ဟု ထင်လိုက်မိသေးသည်။

"မင်းရုပ်ကဘာဖြစ်သွားတာလဲ တခြားတစ်ယောက်ကိုမျှော်နေတာလား ဟုတ်လား"

အဂ္ဂမှာတော့အမြဲတမ်းစိတ်ဖတ်တတ်သလိုဖြစ်နေသောရဲရင့်ကို အလွန်ကိုအမြင်ကပ်နေလေပြီဖြစ်သည်။ သို့သော်လည်း ဟန်ကိုယ့်ဖို့လုပ်ကာခပ်တည်တည်နှင့်ပြန်ဖြေလိုက်သည်။

"ဘယ်သူ့ကိုမျှော်ရမှာလဲ မျှော်စရာမရှိဘူး"

ရဲရင့်ကအဂ္ဂကိုအတော်ကြာကြာမယုံသင်္ကာဖြင့်ကြည့်နေပြီးမှ စကားလမ်းကြောင်းပြောင်းသွားသည်။

I Found My Prince Charming(Season 2)Where stories live. Discover now