IFMPC Characters

1.9K 218 33
                                    

ဒီ​နေ့ကUpdateတော့မဟုတ်ပါဘူး မနေ့ကစေတန်အဖွဲ့နဲ့ ဇေယျတုနဲ့ဗရုတ်ကျတာတွေဖတ်ထားပြီဆိုတော့ ဒီနေ့ Characterတွေအကြောင်းပြောကြရအောင်😁❤️

ရဲရင့်

သူကတော့အားလုံးသိထားကြတဲ့အတိုင်းSeason 1မှာ ပူလောင်ခဲ့ရသလောက် Season 2မှာအအေးချမ်းဆုံး လူတစ်ယောက်ဖြစ်နေပြီ အရင်ကရှိုင်းထက်ယံကိုချစ်နေရင်း ပူလောင်ခဲ့ရဖူးပေမယ့် အခုတော့သူ ရှိုင်းထက်ယံကို ချစ်နေရတဲ့ခံစားချက်နဲ့တင်တော်တော်ကြည်နူးနေတတ်ပြီ

တချို့Readerလေးတွေပြောကြတယ် ရဲရင့်ကိုတစ်ယောက်တည်း ထားတော့မှာလားပေါ့ သူ့ရဲ့Characterအရဆိုရင် တစ်စုံတစ်ယောက်ကိုနင့်နင့်နဲနဲ ချစ်မိသွားတဲ့လူတစ်ယောက်အဖို့တခြားလူကိုပြောင်းချစ်ဖို့ မလွယ်တော့ပါဘူး သူ့လိုလူမျိုးနောက်တစ်ယောက်ပေါ်လာမှသာ အဲ့လူကသူရှိုင်းထက်ယံကိုချစ်သလို နှစ်တွေအကြာကြီးနင့်နင့်နဲနဲ ချစ်ပြနိုင်တယ်ဆိုမှသာသူပြန်ချစ်နိုင်တော့မှာမျိုး။ ဘာပဲဖြစ်ဖြစ် ကိုယ်ဖန်တီးခဲ့တဲ့ဇာတ်ကောင်လေးတွေထဲမှာ အပေးဆပ်နိုင်ဆုံးလူသားကိုပြပါဆိုရင်တော့ ရဲရင့်ပဲ

.....

ဟန်မင်းစေရာ

ဟန်မင်းစေရာလို့ပြောလိုက်တာနဲ့ရှိုင်းထက်ယံကိုပါ ပြေးမြင်သွားအောင်အထိချစ်ပြနိုင်ခဲ့တဲ့လူသားပါပဲ ရှေးရိုးစွဲမိသားစုမှာ ကြီးပြင်းခဲ့ရတဲ့သူဖြစ်တဲ့အတွက် သူ့ရဲ့အပြုအမူတွေကခည်း စာအုပ်ကြီးအတိုင်းဖြစ်နေခဲ့တာပေါ့ စာကြမ်းပိုးလေး စည်းကမ်းတွေကိုတသဝေမတိမ်းလိုက်နာသူလေးပေါ့ ရှိုင်းထက်ယံနဲ့တွေ့မှသာသူ့ခမျာ အကျင့်တွေပြောင်းသွားရတာ
Season 1မှာထည့်မပြောခဲ့ဖူးတဲ့ အချက်တစ်ခုရှိတယ်
ဟန်မင်းစေရာကအရက်ဘီယာလုံးဝမသောက်ဖူးတဲ့အရိုင်းတုန်းလေးပါ သူ့ကိုအရက်သောက်တတ်အောင် ရှိုင်းထက်ယံကပဲ ဖျက်ဆီးခဲ့တာပါ သူတို့တွေသောက်တိုင်းဘေးမှာ ဟန်မင်းစေရာကအမြဲရှိနေတော့ စည်းကမ်းတွေဘာတွေနဲ့ ကိုင်ပေါက်မှာစိုးလို့ သူ့ကိုပါသေဖော်သေဖက်ညှိတဲ့အနေနဲ့ အတင်းတိုက်ခဲ့တာ😂

.........

ရှိုင်းထက်ယံ

ဟန်မင်းစေရာကိုတုန်နေအောင်ချစ်ပေးတဲ့ကောင်လေးပါပေါ့ သူ့မရှိတဲ့နောက်ပိုင်း ဟန်မင်းခံစားခဲ့ရတာတွေကို သိတော့အရမ်းစိတ်မကောင်းဖြစ်ပြီးအမြဲတမ်းဟန်မင်းကို အလိုလိုက်ရာက Uke ဖြစ်မှန်းမသိဖြစ်လာရတဲ့ကလေးပေါ့ ဒါပေမယ့်ရှိုင်းထက်ယံကဘယ်တုန်းကမှuke type မဖြစ်ခဲ့ဘူး ဟန်မင်းစေရာကိုပဲထူးထူးခြားခြားကြင်နာပေးတာကြောင့် သူ့ပုံစံကနူးညံ့လာသလိုဖြစ်နေရတာပေါ့ ဟန်မင်းစေရာကို အလိုလိုက်ထားတာကြောင့် ဟန်မင်းစေရာကလည်းတစ်ခုခုဆိုရင်သူ့ကိုတအားဆိုးတာ ချွဲတာ အသက်အရွယ်အရလည်း ဟန်မင်းကပိုငယ်တာကိုး သူတို့နှစ်ယောက်မှာ ရှိုင်းထက်ယံစိတ်ဆိုးတာကဖြစ်ခဲတယ် သူကတကယ်အရေးတကြီးကိစ္စမျိုးမှ။ ဟန်မင်းကတော့မဟုတ်ဘူး သူ့ကိုနည်းနည်းလောက်ဂရုမစိုက်မိရင်ကိုရှိုင်းထက်ယံအပေါ် ဆိုးရော😂 အဂ္ဂပြောသလိုရှိုင်းထက်ယံကတကယ်ကလေးထိန်းနေရသလိုပါပဲ

I Found My Prince Charming(Season 2)Where stories live. Discover now