(Unicode)
"ဂျီမင်းနီးရေ မြန်မြန်လာ"
ဖြူလုံးလုံးကောင်လေးရဲ့အော်ခေါ်သံအဆုံးမှာတော့ ပါးဖောင်းဖောင်း နှုတ်ခမ်းဆူဆူကောင်လေးက လုံးလုံးလေး ပြေးလာကာ သူ့ဘေးနာမှာဝင်ရပ်လိုက်သည်။
ပင်လယ်ပြာပြာ ရဲ့ အလှမ်းတစ်နေရာမှာရပ်နေသော ယွန်းဂီက အနည်းဆုံးရှိလှ ၆နှစ်။
"ယွန်းဂီ ဘာလို့လဲ"
ဘေးဘီဝဲယာကိုကြည့်ကာဂျီမင်းအနားကို တိုးတိုး ကပ်လိုက်ရင်း...။
"ယွန်းဂီ ဖွားဖွားကပြောတယ် ဒီရေအောက်ရဲ့မှာ ရေသူမ ရေသူထီး ငါးမန်းတွေရှိတယ်တဲ့။ရေထဲဆင်းရင် အရမ်းအနက်ကြီးမဆင်းနဲ့တဲ့"
"ဟင် တကယ်လား"
"အင်း အဲ့ဒါ ဘယ်သူမှမပြောနဲ့နော် ဂျီမင်းနီး"
ပါးရဲရဲလေးနှစ်ဖက်ဖြင့် အံ့ဩနေသော ဂျီမင်းနီးလေးက မျက်လုံးထပ်ပြူးကာပင်..။
"ဘာလို့လဲ တစ်ခြားသူတွေကိုမပြောပြဘူးလား"
"ဂျီမင်းနီးအကိုက်ခံရမှာဆိုးလို့ သူတို့ဘာဖြစ်ဖြစ် ယွန်းဂီက ဂရုမစိုက်ဘူး"
"ဘာလို့ ဂျီမင်းနီးကျ စိတ်ပူပြီး သူတို့ကိုကျမပူတာလဲ ယွန်းဂီက"
"ဂျီမင်းနီးကိုချစ်လို့ပေါ့"
ရှက်သွေးကြောင့် ဂျီမင်းနီးရဲ့ ပါးလေးမှာ ရဲခနဲပင်။ယွန်းဂီကရော ဘာထူးလဲ နားရွက်တွေ ရဲကာ ပင် အမေ မီးပူပြန့်ပြန့်တိုက်ပေးထားသော အင်္ကျီဖြူလေးကို တွန့်ခြေနေသည်။
သူတို့နှစ်ယောက်ရဲ့ စကားဝိုင်းလေးကို သူတို့ပင်မဟုတ် ကျောက်တုံးကြီးနားကွယ်က နားထောင်နေသော သူတစ်ဦးရှိသည်။
ပုစိအရွယ်လေးဖြင့် ရှက်နေကြသော ကလေးနှစ်ဦးအားကြည့်ကာ ထိုသူ ပြုံးလိုက်ရင်း လူအလစ်ချောင်းကာ ပင်လယ်ထဲကို အမြန်ပြေးဆင်းသွားသည်။ရေအောက်ရောက်သည်နှင့် တပြိုင်နက်ပြောင်းလဲသွားသော ထိုသူ့ခြေထောက်က ကြေးခွံ့အဆင့်အဆင့် ဖြစ်ပေါ်လာကာ ငါးအမြှီးလို သဏ္ဌာန်ဖြစ်သွားသည်။
