(Unicode)
နေရောင်ခြည်ဖြာကျနေသော သမုဒ္ဒရာ အလယ်...။တလက်လက် ထနေပုံက စိန်ကိုမီးထိုးထားသလို...။
ရေအောက်ကြမ်းပြင်အထိအစွမ်းကုန်ထိုးဖောက်နေကာ ဖြာကျနေသော်လည်း ရေနက်လေ အလင်းရောင်လျော့နားလေဖြစ်လာခဲ့လေသည်။
ရေ ကမ္ဘာထဲတွင်နေထိုင်ကြသော Bony fishes,crappies, rock bass, perch, bluegill,sunfish,Jelly fish, စသည့် ရေအောက် မျိုးစိတ်တွေလဲ ကျက်စားကာနေထိုင်နေကြသည်။
ရေအရင်းမြစ်ရဲ့ သဃံဇာတတွေဖြစ်သော ရေမှော်ပင် ကျောက်ပွင့် တို့အရောင်သွေးစုံလင် လျက်...။
မှောင်နက်လာသော ရေအောက် ကြမ်းပြင်တွင်တော့ ကြီးမားသော ချောက်နက်ကြီး..။
ထိုချောက်နက်ကြီးကိုကျော်လွန်သွားချိန်မှာတော့ တလက်လက်ထကာ လှုပ်ရှားနေသော အရာတစ်ခု...။
သေချာက အမြှီးလိုပင်..၊ခါးအပေါ်ပိုင်းကတော့ သာမာန်လူသားတွေလို လက်နှစ်ဖက် ခေါင်းတစ်လုံးပေမဲ့ထူးဆန်းသည်က နောက်ကျောမှ ဆူးတောင်များ....။
နောက်တော့ သူအတိုင်းပင် လူကိုယ်တစ်ဝက် ငါးမှီးတစ်ပိုင်းဖြင့် အစုစုအဝေးဝေး ပေါ်ပေါ်လာကြကာ အတူတူကူးခတ်လျက်...။
သူတို့ကတော့ လူသားမျိုးနွယ်တွေရဲ့ ဒဏ္ဍာရီလာ ပုံပြင်တွေထဲက ရေသူ မျိုးနွယ်ပင်.....။
.....
အတ္တလန်တစ် တိုင်းပြည်...။
လူသားတို့ မထင်ထားလောက်သော ရွှေငွေကျောက်မျက်ရတနာတွေဖြင့် ဖွဲ့စည်းထားသော ရေအောက်တိုင်းပြည်...။
ပင်လယ်ရေအမြင့်ပေ မတိုင်းမထွာနိုင်သောဟိုးအောက်ဆုံးတွင်တည်ရှိသော တိုင်းပြည်ကြီးတွင်ထူးခြားလှပသော ရေသူမျိုးနွယ်စုတို့ တည်ရှိနေထိုင်နေ၏။
ရက်သတ္တပတ်ခြားတိုင်း သူတို့အတ္တလန်တစ်ဘုရင်ကြီးနဲ့အတူ သူ့မိသားစုတို့က ရေသူရေသား များအား တိုင်းခန်းလှည့်လည်သောကြောင့် သူတို့တွေ စုစုရုံးရုံးတည်ရှိလျက်...။
ဘုရင်ကြီးနဲ့ သူတို့မိသားစုကို ကြိုဆိုရန် ရေသူ ရေသူမများက မှော်ပင် ကျောက်ပွင့် စသည်တို့ကို ကိုင်ဆောင်ကာအရင်ကထက်ပင် စိတ်လှုပ်ရှားစွာ စောင့်မျှော်နေကြသည်။
