Part3

268 34 0
                                    

ဟိုတစ်လော ကိစ္စပြီးတည်းက စီနီယာနဲ့သူ

မတွေ့ဖြစ်တော့။

သူ့ဘက်က စီနီယာ စိတ်ဆိုးနေသေးမယ် လို့ထင်တာကြောင့် စီနီယာ ကိုသွားမတွေ့ဖြစ်။

အခုတစ်လော စီနီယာ ကောင်မလေးကို အမြဲတွေ့နေရ၏။ ထိုယူနာဆိုတဲ့အမကိုမြင်တိုင်း အားကျမိ၏။
ယောင်္ကျားလေးတစ်ယောက်အတွက်နဲ့ အားကျမိနေတာ။

သူအချစ်ရဆုံး ယောင်္ကျားလေးရဲ့ အချစ်ကို ထိုမိန်းကလေးက ပိုင်ဆိုင်ထားတယ်။

မုန်းချင်ပေမဲ့ မမုန်းရက်ဘူးစီနီယာ။

စီနီယာတို့အတွဲကြားထဲမှာ ထယ်က ဗီလိန် တစ်ဦး

ဖြစ်နေပြီ။ ကံကြမ္မာကထယ့်ကို ဗီလိန်တစ်ဦးဖြစ်စေ

ချင်တာလား။ဒါမှမဟုတ် အဓိကဇာတ်ဆောင်လား

"ကင်မ်ထယ်ယောင်းရှီ အမက မင်ယူနာပါ အမ မင်းနဲ့စကားပြောချင်တယ်"

အမယူနာ ခေါ်တဲ့အတိုင်း cafe မှာပင်စကားပြောဖို့လိုက်ခဲ့လိုက်တယ်

"ထယ်ယောင်းနဲ့ ဂျွန်း အမမသိအောင်တွဲနေတယ်ဆိုတာ အမသိတယ်"

ထယ်ယောင်း တုန်လှုပ်သွား၏။

"အမ ဘယ်လိုသိတာလဲ"

"ဒီတိုင်းဘဲပေါ့။မင်း ဘက်က ဂျွန်းနဲ့လမ်းခွဲပေးပါ"

"ထယ် မလုပ်ပေးနိုင်ဘူး။ ဘယ်လိုဘဲဖြစ်ဖြစ် သူနဲ့လမ်းမခွဲပေးနိုင်ဘူး"

"ကောင်းပြီလေ နောက်မှ အမအဆိုးမဆိုနဲ့"

သူမ ထွက်သွားတော့မှ ရှေ့မှာ‌ချထားတဲ့ ရေကို သောက်လိုက်၏။ ရင်ထဲကအပူလုံးကတော့မကျ။

ဘယ်လိုအခြေအနေမျိုးဘဲရောက်ရောက် စီနီယာကိုလှမ်းဆွဲထားမှာ။

"ပြန်ရောက်ပါပြီ"

ထယ်ယောင်း ပြန်ရောက်တော့ အဖေ့အားတွေ့လိုက်ရ၏။

"အဖေ ဘာကိစ္စရှိလို့လဲ"

"မင်းနိုင်ငံခြားပညာတော်သင်သွားတော့ ထယ်‌ယောင်း"

"ဗျာ ဘာဖြစ်လို့လဲ အဖေ"

"ဂျွန်ဂျောင်ကု ကြောင့်မသွားချင်တာလား"

"အချစ်ဦးဆီသို့" (To My Dearest)(Completed)Where stories live. Discover now