Final

331 21 0
                                    

"ကိုယ် ငယ့်ကိုတောင်းပန်ပါတယ်"

"ငယ့်ဘက်ကို နည်းနည်းမှမငဲ့တော့ဘူးလားကိုကို"

ဒူးထောက်ကာငိုယိုနေတဲ့ ငယ့်ကိုမြင်တော့
နောင်တတွေရကာ အကြိမ်ကြိမ်တောင်းပန်တဲ့စကားကိုသာ ရေရွတ်မိခဲ့တယ်...

ထယ်ယောင်းတစ်ယောက်ဖုန်းမကိုင်တာကြောင့် ဂျောင်ကုစိတ်တွေပူလာသည်။
မနေ့ကတောင် ချိုမြိန်တဲ့အနမ်းတွေနဲ့အဆင်ပြေနေကြသေး။အခုတော့ ထယ်ယောင်းဘက်ကဖုန်းတောင်မကိုင်တော့

မတက်သာတဲ့အဆုံး တာ၀န်ခံရှင်းနဲ့ထယ်ယောင်းရဲ့ကုမ္ပဏီသို့သာလိုက်သွားမိတယ်....


ကုမ္ပဏီရောက်သွားတော့ ထယ်ယောင်းကရုံးခန်းထဲမှာ ဂျောင်မင်းနဲ့အတူတူရှိနေတာမြင်တော့ ဒေါသကထောင်းခနဲ့

"ထယ် ဘာလို့ဖုန်းမကိုင်တာလဲ"

မေးလိုက်တော့ ဖုန်းထုတ်ကြည့်ပြီး မသိလိုက်ဘူးဆိုတဲ့ပုံစံလုပ်နေသော ထယ် ပါလေ

"ကျစ် ကိုယ်နဲ့စကားပြောရအောင် ထယ်"

ထယ့်လက်ကိုဆွဲယူလိုက်တော့ ဂျောင်မင်းက တားပြီး

"ဒီနေ့ကစ ကိုကို့ကို ကျွန်တော်ပိုင်တယ်!အဲတာကြောင့်အကိုဂျွန်ဂျောင်ကုနဲ့ ကိုကိုမသက်ဆိုင်သေးဘူး"

ထိုစကားကြောင့် ဂျောင်ကု ဂျောင်မင်းရဲ့အကျီကော်လန်ကိုစောက်ဆွဲကာ ထိုးမည်အလုပ်

"တော်တော့ မစနဲ့တော့ ငယ်"

ထယ်ယောင်းဘက်မှပြောလိုက်တာကြောင့် ရီလာတဲ့ ဂျောင်မင်း။ သူ ဒီအဖြစ်ပျက်တွေကိုနားမလည်တော့

"ဂျွန်ကလေ အမြဲစိတ်ကြီးဘဲ။အဲတာကြောင့်စိတ်ရောဂါတွေခနခနဖြစ်တာ"

"ထယ်!"

"ငယ်က မကြာခင် NYကိုပြောင်းတော့မှာလေ။အဲတာလာနူတ်ဆက်တာ။ အကိုဂျောင်ကုနဲ့မိဘ တွေကိုနောက်မှလာနူတ်ဆက်တော့မလို့။အခုကအရင်ရည်းစားကိုလာနူတ်ဆက်တာလေ။အထင်မလွဲပါနဲ့"

"အော်အဲလိုလား"

ပြီးမှ ဆက်ဖြဲဖြဲလုပ်နေသောဂျောင်ကုကို ထယ်ယောင်းကြည့်ကာ ပြုံးနေမိ၏။

"အချစ်ဦးဆီသို့" (To My Dearest)(Completed)Where stories live. Discover now