Part4

269 33 0
                                    

ဆေးရုံတက်နေစဉ် Hyungက လိုလေးသေးမရှိအောင်ဂရုစိုက်ပေး၏။Hyungကြောင့်အရာအာလုံးအဆင်ပြေခဲ့ရတယ်။ စားချင်တာအစ အစအဆုံး လိုက်လုပ်ပေးတဲ့ Hyung. Hyungနေရာမှာ ဂျွန် သာ ဆိုတဲ့ အတွေးကြောင့် အလိုက်မသိသော မျက်ရည်တွေက စို့တက်လာ၏။ဆေးရုံကဆင်းရင် ဂျွန့်အပေါ်ထားတဲ့
ချစ်ခြင်းတွေကို လျစ်လျူရူတော့မယ်လို့တွေးထားမိ၏။

"ထယ်ယောင်း Hyung အ၀တ်စားထုတ်ကားပေါ်တင်ပြီးပြီ။ ပြန်ကြရအောင်လေ"

ဒီနေ့ဆေးရုံကဆင်းရမှာကြောင့် Hyungက အလုပ်မအားတဲ့ကြားမှ လာကြိုပေးရ၏။

"ဟုတ်ကဲ့ jin Hyung"

စားပွဲခုံပေါ်ကဒိုင်ယာရီစာအုပ်ကို လွယ်အိတ်ထဲထည့်ကာ Hyungအားပြောလိုက်၏။

ကားရပ်လိုက်စဉ် အိမ်ရှေ့၌ မတ်တပ်ရပ်စောင့်နေသော သူတစ်ဦးကို မြင်လိုက်၏။ ဂျွန်း ဆိုတာ သိလိုက်ရချင်း ချက်ချင်းပင် ကားပေါ်ကာပြေးဆင်းလိုက်၏။

"ဖြေးဖြေးလာ‌ ‌ချော်လဲမယ် ထယ်"

ဂျောင်ကုရဲ့စကားကြောင့် ထယ်ယောင်းအံဩမိ၏။
တစ်ခါမှစကားအကောင်းမပြောဖူးတဲ့ဂျွန် က သူ့ကိုဂရုစိုက်နေတာလား။

"ဂျွန် "

"ကိုယ်မင်းကိုစောင့်နေတာ ။"

ဂျွန် က သူ့ကိုစောင့်နေတာတဲ့လား။ ဂျွန် က သူ့အပေါ်စပြီးပြောင်းလဲနေတာလား။ ထယ်‌‌ယောင်းမစဉ်းစားတက်‌တော့!

"ဘာကိစ္စရှိလို့လဲ ဂျွန်။ပြောစရာရှိတာနဲ့အတော်ဘဲ
ထယ် တို့လမ်းခွဲရအောင်"

ဂျွန်ရဲ့မျက်လုံးကို သူ ‌စိုက်စိုက်ကြည့်ကာ လမ်းခွဲစကားဆိုလိုက်၏။ ဂျွန်ရဲ့မျက်နှာမှာ အံဩမှုအပြည့်နဲ့
၀မ်းနည်းမှုတွေကို မြင်ရတယ်။ ထယ်ယောင်းအမြင်မှားတာမဟုတ်။ သိသိသာသာ မျက်နှာပျက်သွားတဲ့ ဂျွန်ကြောင့် ထယ်ယောင်း စိတ်ရူပ်ထွေးမိ၏။

ဂျွန်ဘက်မှ ဘာစကားမှမပြောခင် သူခြံထဲသို့အရင်၀င်လာခဲ့လိုက်၏။

အရင်တုန်းဂျွန်ဘက်က ထယ့်ကိုအရင်လျစ်လျူသွားတယ်မလား။ အခုတော့ ထယ်ဘက်ကဘဲ လျစ်လျူရူပါရစေ။

"အချစ်ဦးဆီသို့" (To My Dearest)(Completed)Where stories live. Discover now