Part5

281 35 3
                                    

မနက်မိုးလင်း နေရောင်ခြည်တွေက မျက်နှာ‌ေပါ်ကျရောက်လာတယ်။ စိတ်အစုံ‌တို့က သာယာနေတာကြောင့်
နေရောင်ခြည်တို့ကိုမျက်နှာချင်းဆိုင်ကာ အသက်၀၀ရူလိုက်တယ်။ ဒီနေ့အဖို့ ငှက်ကလေးတွေရဲ့အော်သံက ထယ်ယောင်းနားထဲသာယာနေသလို။

ဒီနေ့ ဂျွန်နဲ့ ဒိတ်ဖို့ချိန်းထားတာကြောင့် နဲနဲစတိုင်ကျမဲ့ ၀တ်စုံကိုရွေး၀တ်ခဲ့တယ်။ ရောက်လာမဲ့အချိန်ကလိုသေးပေမဲ့ ကိုယ့်ဘက်က ရင်တွေခုန်ကာ အစောကြီးစောင့်နေမိ၏။
.
.
.
.
.
.
.

တစ်လှမ်းချင်းသူ့ဆီကို လမ်းလျောက်လာတဲ့ ဂျွန် ကြောင့်
ထယ်ယောင်းငေးမောကြည့်နေ၏။

ချောမောတဲ့ မျက်နှာ‌လေး။ မေးရိုးထင်းထင်းလေးက ဆွဲဆောင်မှုရှိတယ်။ ယောင်္ကျားလေးဆန်တဲ့ ဂျွန်ကြောင့်
သူ ချစ်ခဲ့တာလားလို့ ပြန်တွေးကာ ပြုံးမိ၏။

"ဘယ်သူ့အကြောင်းစဥ်းစားနေလို့ ဒီလောက်ပြုံးနေတာလဲ ထယ်"

ပါးစောင်ကိုလျှာနဲ့ထိုးကာ ပြောနေသော ဂျွန်

"ထယ်က ဂျွန့်အကြောင်းတွေးနေတာပါ"

ထယ်ယောင်း ဂျောင်ကုရဲ့ရင်ခွင်ထဲတိုး၀င်ကာ ပြောလိုက်၏
အလိုက်သင့်တင်းကြပ်စွာပြန်ဖက်လာတဲ့ ဂျွန်။

"ထယ် ဘာသောက်မလဲ ကိုယ် ကော်ဖီမှာပေးရမလား"

"ထယ် ကော်ဖီမသောက်ဘူး ထယ်က စတော်ဘယ်ရီကြိုက်တာ"

ထယ်ယောင်းက ဘာရယ်မဟုတ် ပြောမိပေမဲ့

အရင်က ထယ်ယောင်းရှေ့မှာ ယူနာ ကြိုက်တဲ့ စတော်ဘယ်ရီ လို့ပြောခဲ့တာကြောင့် မျက်နှာပျက်သွားမလိုဖြစ်ခဲ့တယ်။ ဂျောင်ကု မျက်နှာ မပျက်အောင် ထိန်းရင်း
စတော်ဘယ်ရီ နှစ်ခွက်မှာလိုက်၏

"ကိုယ်မင်းကြိုက်တာ မှန်သမျှ ကိုယ်ကြိုးစားမှတ်ပါ့မယ်ထယ်"

လက်ကိုဆုတ်ကိုင်ကာ ကတိပေးနေသော ဂျွန်သည်

သူ့အတွက် နတ်သားလိုပင်။
.
.
.
တီ#

ဖုန်းခေါ်သံကြောင့် ဖုန်းနံပါတ်ကိုကြည့်ကာ မျက်နှာပျက်သွားသော ဂျောင်ကု ကို မြင်လိုက်တော့ ထယ်ယောင်း စိုးရိမ်သွား၏

"အချစ်ဦးဆီသို့" (To My Dearest)(Completed)Where stories live. Discover now