~Unicode~
"ဟေ့ကောင်တွေ..အသံတစ်သံမှ မထွက်စေနဲ့
သေချာတက်ကြ""အေးပါကွာ...ငါသိတယ်..
မင်းပြောနေတာကမှ ခြံထဲက အဖိုးအို ပေါက်စ နိုးလာမှာ"အိမ်ရှေ့တစ်ခုရဲ့အပြင်ဘက်မှာ ကောင်လေးငါးယောက်
ကုတ်ချောင်းကုတ်ချောင်း လုပ်ကာ
ခြံကို ကျော်တက်ဖို့ ကြိုးစားနေကြတာပါ။
သူတို့ အခုလို ခိုးကြောင်ခိုးဝှက် ဝင်ရတဲ့အကြောင်းအရင်းက
တော့ ညကြီးအချိန်မတော်မှပြန်လာ ဖြစ်ကြလို့ပါ။ကျွန်တော်တို့ကို ခြံထဲ ခိုးဝင်တယ်ဆိုပြီး
သူခိုးလို့ ထင်နေကြတယ်မလား..အဲ့လိုတော့ မထင်လိုက်ပါနဲ့
ကျွန်တော်တို့အဖွဲ့က ပေါက်ကရတွေ လျှောက်လုပ်
တတ်တာက လွဲရင် ခိုးတာ လုတာတွေ မလုပ်ရဲပါဘူးဗျာ။"ရိုးသားတဲ့ ဖိုးသခွားလေးပါ...အယ်..မှားလို့..ရိုးသားတဲ့
ဝေယံ လေးပါ"အခုလို ခြံကျော်တက်နေတယ်ဆိုတာကလည်း
ညဘက်၁၂နာရီဖြစ်သွားတော့ အဆောင်ထဲက ဝင်လို့
မရ။အဆောင်ပိုင်ရှင် အရမ်းဘုကလန့်နိုင်တယ်။
ယောကျာ်းလေးတွေကို ဟိုဘက်ခြံက မိန်းကလေးတွေနဲ့
မှားနေသလားအောင်မေ့ရတယ်။
အဆောင်ပိတ်ချိန်က ၉နာရီတဲ့လေ။
ကြားလို့မှ ကောင်းကြသေးရဲ့လား။အခုလည်း သေချာပြန်စဥ်းစားကြည့်ရင် ကျွန်တော်တို့
မှန်နေသေးတာပဲလေ။
ကျွန်တော်တို့ပြန်လာတဲ့ ည၁၂နာရီဆိုတဲ့ အချိန်က
နောက်ကျတာမှ မဟုတ်ပဲ။အကယ်၍ မနက်၃နာရီလောက်မှ
ပြန်လာမိခဲ့ရင်တော့ ကျွန်တော်တို့မှားတာပေါ့။
ထားပါလေ...အခုတော့ ခါးက အတော်နာနေပြီ။ဒီကောင်တွေ ဘယ်လောက်တောင် မြိုထားစို့ထားလဲ မသိဘူး။
သူတို့ခြံထဲရောက်အောင် ကျောပေါ်ကနေ ပင့်တင်နေရတာနဲ့တင် အသက်ထွက်တော့မယ်။ကျွန်တော်ရယ် မှန်ကြောင်ရယ်
က ခါးကိုကုန်းပေးထားရတာ။
အဲ့အပေါ်ကို သူတို့က နင်းတက်နေကြတာ။
မှန်ကြောင်ကိုကြည့်တော့ သူက အေးဆေးပေမယ့်
ကျွန်တော်က မအေးဆေးနိုင်တော့ဘူး။
ဒါပေမယ့်လည်း ခြံထဲကို အကုန်လုံး မရောက်ရောက်အောင်
တက်မှဖြစ်မှာလေ။
YOU ARE READING
ရင်ခုန်သံ♡U(မင်းအချစ် ငါ့ရင်ခုန်သံ)
RomanceဒီFicလေးက ပေါ့ပေါ့ပါးပါး comedy typeလေးမို့ ဘဝအမောတွေ ပြေကြမယ်လို့ ယုံကြည်ပါတယ်🤗 #Myanmarbloc #boyslove