Professional Substitute
[ Yan Ming Xiu x Zhou Xiang ]
အီတလီ • မီလန် • Fashion Week
°•°•°•°•°•°•°•°•°•°•°
🎥🎬🎥🎬🎥
ယခုတစ်ခေါက် Milan Fashion Week တွင် တွဲဖက်ပါတနာ Brand က အစပိုင်းတွင်တော့ ကျိုးရှန်တစ်ဦးတည်းကိုသာ ဖိတ်ကြားထားခြင်းဖြစ်၏။ သို့သော်ငြား ယန့်မင်ရှိုးတစ်ယောက် ဖရန့်ဖက်ထ် (Frankfurt) သို့ရောက်နေသည့်အကြောင်းကို သိသွားသည့်အချိန်တွင် Brand ၏လိမ္မာပါးနပ်သော ကိုယ်စားလှယ်များက ဖိတ်စာတစ်စောင်ကို ချက်ချင်းပြုလုပ်လိုက်ပြီး ယင်းဖိတ်စာထဲ၌မူ Brand ၏တန်ဖိုး ၊ အဆင့်သတ်မှတ်ချက် ၊ အိုင်ဒီယာဒီဇိုင်း ၊ ထုတ်ကုန်အကြောင်း ဘာဆိုဘာမှ ထည့်သွင်းဖော်ပြထားခြင်းမရှိပေ။ ကိုယ်စားလှယ်က ထိုဖိတ်စာထဲ၌ရေးသားထားသော " မစ္စတာကျိူးရှန်နဲ့အတူ Red Carpet အပေါ် လျှောက်လှမ်းလာဖို့ မျှော်လင့်မိပါတယ် " ဟူသည့် အကြောင်းအရင်းတစ်ခုလေးကသာလျှင် အနုပညာလောက၏ တော်ဝင်မင်းသားလေးကို ပွဲတက်ဖိတ်ဖို့ရန်အတွက် လုံလောက်နေပြီမှန်း သိနေသည်မို့ပင်။
သို့ဖြစ်ရာ ယန့်မင်ရှိုးသည် အချိန်အကြာကြီးအစည်းအဝေးထိုင်ပြီးသည့်နောက်တွင် သူ၏ကားဒရိုင်ဘာအား ညကြီးမိုးချုပ် မီလန်မြို့သို့မောင်းပို့ပေးရန် ပြောကြားလိုက်ပြီး ကျိုးရှန်တည်းနေသည့် ဟော်တယ်ဆီသို့ တိုက်ရိုက်သွားတော့သည်။
သူဟော်တယ်သို့ရောက်သည့်အချိန်၌ ညသုံးနာရီခွဲနေပြီဖြစ်သည်။ ကျိုးရှန်အိပ်ချင်မူးတူးနှင့် တံခါးဖွင့်လိုက်သည့်အခါဝယ် အရပ်ရှည်ပြီး မှောင်မဲနေသည့်လူရိပ်ကိုသာ မြင်ဖို့အချိန်ရလိုက်ပြီး ချက်ချင်းကိုပင် အေးမြသင်းပျံ့သောရေမွှေးနံ့လေးရသည့် နွေးထွေးလှသော ရင်ခွင်ကျယ်ကြီးတွင်းသို့ လှစ်ခနဲဆွဲသွင်းခံလိုက်ရသည်။
YOU ARE READING
[188 BoyGroup] Summer Limited Series
Romance[ Unicode Version ] Original Author : ရွှေချန်းချန် • 水千丞 This is really a rough translation. I just want to read this for my own and save here. All Credits go to ရွှေချန်းချန် and တစ်ရှစ်ရှစ် Official. Artist @吃不完还带打包的 Artist @粽子君_松girl Artist @今天来...