Fight The Fire
[ Gong Ying Xian x Ren Yi ]
တောင်အာဖရိက • ဒရက်ကန်စ်ဘတ် • ခြေလျင်တောင်တက်ခရီး
°•°•°•°•°•°•°•°•°•°•°
🏞️⛺🏞️⛺🏞️
ယခုခရီးစဥ်မှာ နှစ်ယောက်အတူထွက်သည့် ပထမဆုံးခရီးစဥ်ဖြစ်သည့်အတွက် ရန်ရိက ကုံးရင့်ရှန်အကြိုက်ကိုထည့်တွေးကာ သမိုင်းဝင်ယဥ်ကျေးမှုများနှင့် ပြည့်နှက်ကြွယ်ဝနေသည့်နေရာကို ရွေးချယ်ချင်ပြီး ကုံးရင့်ရှန်ကမူ ရန်ရိ၏စိတ်ကူးစိတ်သန်းများကို ဦးစားပေးကာ ရိုမန့်တစ်ဆန်သည့်နေရာကိုသာ ရွေးချယ်ချင်၏။ သို့သော် အချင်းချင်း တိုင်ပင်ကြည့်ကြသည့်အခါတွင် နှစ်ဦးသားက စွန့်စားကြမ်းတမ်းသည့်နေရာများကို သဘောတွေ့ ကြမှန်း အချင်းချင်းသိရှိသွားကြသည့်အတွက် ယခုတစ်ခေါက်အား တောင်အာဖရိကသို့ ခရီးထွက်ရန် ပြင်ဆင်ကြတော့သည်။
၎င်းသည်ကား ခက်ခဲကြမ်းတမ်းသည့် ကိုယ်ထူကိုယ်ထခရီးစဥ်တစ်ခုဖြစ်၏။ နှစ်ဦးသားက နမီးဗီးယားနိုင်ငံရှိ အနီရောင်သဲကန္တရကြီးကို ကြည့်ရှုကြပြီးနောက် တောင်အာဖရိက ကိပ်ပြည်နယ် Cape of good hope ဆီသို့သွားပြီး ပင်လယ်ပြာကြီးကိုရှုမျှော်ကြသေးကာ နှင်းများဖုံးလွှမ်းနေသည့် ကီလီမန်ဂျာရိုတောင်တန်းကြီးကိုလည်း သွားရောက်ကြည့်ရှုကြသေး၏။
ထို့အပြင် ဂျစ်ကားလေးစီးရင်း ကျယ်ပြောလွန်းလှသည့် အာဖရိက ဆဗားနားမြက်ခင်းလွင်ပြင်ကြီးကိုဖြတ်သန်းကာ တောရိုင်းသဘာဝ ရွှေ့ပြောင်းနေထိုင်နည်းအား လိုက်လံကျင့်သုံးကြပြန်သည်။ ဤသို့ဖြင့် သူတို့ခရီးစဥ်၏ နောက်ဆုံးနေရာကား ဒရက်ကန်စ်ဘတ်တောင်တန်းကြီး ( Drakensberg Mountains ) များသာဖြစ်၏။
YOU ARE READING
[188 BoyGroup] Summer Limited Series
Romance[ Unicode Version ] Original Author : ရွှေချန်းချန် • 水千丞 This is really a rough translation. I just want to read this for my own and save here. All Credits go to ရွှေချန်းချန် and တစ်ရှစ်ရှစ် Official. Artist @吃不完还带打包的 Artist @粽子君_松girl Artist @今天来...