Beloved Enemy
[ Yuan Yang x Gu Qing Pei ]
ဖီဂျီ • ဆူဗား • ရေလွှာလှိုင်းစီးခြင်း
°•°•°•°•°•°•°•°•°•°•°
🏖️⛵🏖️⛵🏖️
ဒီနှစ်များအတောအတွင်း ယွမ်ယန်သည် ကုချင်းဖေ၏ အုပ်ထိန်းလမ်းညွှန်မှုအောက်၌ အရင်ကထက်ပိုပြီး ရင့်ကျက်တည်ငြိမ်လာခဲ့၏။ ကုမ္ပဏီဝန်ထမ်းများနှင့် အပြင်လူများ၏ရှေ့တွင်ဆိုလျှင် ယွမ်ယန်၏မူပိုင်အကျင့်များထဲ၌ ကုချင်းဖေ၏လောင်းရိပ်အနည်းငယ် ပါဝင်နေတတ်ကာ ကိုယ်ပိုင်အချိန် အထူးသဖြင့် ကုချင်းဖေ၏ရှေ့တွင်ဆိုလျှင်တော့ အရင်ပုံစံအတိုင်းလိုပင် ငယ်ရွယ်တက်ကြွကာ အပျော်အပါးခုံမင်သည့် လူငယ်လေးသာဖြစ်သည်မို့ တဖြည်းဖြည်းနှင့် စရိုက်နှစ်မျိုး၏ ကွာဟချက်ကကြီးလာလေ လူနှစ်ကိုယ်ခွဲထားသလိုပါပေ။
ယခုတစ်ခေါက်အားလပ်ရက် ဖီဂျီ(Fiji) ခရီးစဥ်မှာလည်း ယွမ်ယန်၏ ဂျီကျပူဆာမှုတို့ကြောင့် အလုပ်ချစ်သူကြီး ကုချင်းဖေမှာ အချိန်ဇယားစီစဥ်ပြီး ထွက်လာခဲ့ရခြင်းဖြစ်၏။
ကုချင်းဖေက အလုပ်ကိုသိပ်ပြီးသံယောဇဥ်မပြတ်ချင်သလို ဖြစ်နေခဲ့သော်ငြား လေယာဥ်က ဖီဂျီကျွန်းပေါ်မှ ဖြတ်သန်းသွားသည့်အချိန်တွင်တော့ သူလည်းချက်ချင်းကိုမှ ရတနာတစ်ပါးလို လင်းလက်လှပနေသည့်ကျွန်း၏ ဆွဲဆောင်မှုကိုခံလိုက်ရကာ လူတစ်ကိုယ်လုံး လန်းဆန်းသွားတော့သည်။
ကျွန်းပေါ်၌မူ နှစ်ယောက်သား ပျင်းရိပြီးသက်တောင့်သက်သာရှိသောဘဝကို ဖြတ်သန်းကြလေ၏။ ညဘက်ရောက်လျှင် အထိန်းအကွပ်မရှိ sex လုပ်ကြကာ နေမြင့်ချိန်ထိ အိပ်ရေးဝဝအိပ်ကြပြီး ထချင်သည့်အချိန်မှသာထကြ၏။ အိပ်ရာမှထပြီးပြီဆိုလျှင်တော့ သူတို့ဗိုက်ဖြည့်ဖို့ရန်စားသောက်ကြကာ ကမ်းခြေ၌ အေးအေးလူလူလမ်းလျှောက်ရင်လျှောက် မဟုတ်ရင် ပင်လယ်ထဲရွက်လှေစီးရင်စီး ဒါမှမဟုတ် ကမ်းခြေပေါ်၌လှဲလျောင်းကြကာ နေပူဆာလှုံခြင်းတို့ ပြုလုပ်ကြသည်။
YOU ARE READING
[188 BoyGroup] Summer Limited Series
Romance[ Unicode Version ] Original Author : ရွှေချန်းချန် • 水千丞 This is really a rough translation. I just want to read this for my own and save here. All Credits go to ရွှေချန်းချန် and တစ်ရှစ်ရှစ် Official. Artist @吃不完还带打包的 Artist @粽子君_松girl Artist @今天来...