Part 15(Zawgyi)

86 2 0
                                    

Pls Hold My Hand

Part 15

Jiyoung**
Ri ကိုတို့အချစ်ကရှေ့ဆက်ဖို့မဖြစ်နိုင်တော့ရင်
Riကစပြီးအရင်ထားသွားပေးပါ
ကို့အရှေ့မှာစိတ်ကြိုက်ပျော်နေပေးပါ~~~

Seungri**
တကယ်လို့ရှေ့ဆက်ဖို့မဖြစ်နိုင်တော့ရင်
ကျနော်ကထားသွားပေးပါ့မယ်
ဒါပေမယ့် လူ့ဘဝထဲကပါအပြီးပိုင်ထွက်သွားမှာပါ
Hyungရဲ့ဘေးမှာဝိညာဉ်တစ်ကောင်အဖြစ်နေခွင့်ရရင်
ကျေနပ်ပါတယ်~~

တစ်ချို့အချစ်တွေကရှေ့ဆက်ဖို့ခက်ခဲရင်

နှစ်ယောက်ထဲကတစ်ယောက်ကကျန်ခဲ့ရမယ်ဆိုရင်

ဒါမှမဟုတ်

တစ်ယောက်ကဆက်ချစ်နေပြီး တစ်ယောက်ကအချစ်သစ်တွေ့ခဲ့ရင်

*********************

Daesungတစ်ယောက်
Youngbaeတို့အတွက်လိုအပ်မှာလေးတွေဝယ်ဖို့
Shopping mallကိုရောက်လာပေမယ့်
သူ့ရှေ့ကသွားနေတဲ့Topကိုကြည့်ပြီး
စိတ်ထဲတစ်ခုခုဖြစ်နေသည် ဘာဖြစ်နေလဲဆိုတာ
သူကိုယ်တိုင်တောင်မရေရာ

"Daesung မင်းဘာတွေတွေးနေတာလဲ"

"Young....Youngbaeတို့အတွက်တွေးမိနေတာပါ"

"သိပါဘူး ငါ့အကြောင်းများတွေးနေသလားလို့"

လူမိသွားတာကြောင့် စကားလမ်းကြောင်းပြောင်းဖို့
လမ်းစရှာနေချိန် သူတို့အရှေ့က
အဝတ်စားဆိုင်ကနေ
အထုတ်တွေနဲ့ထွက်လာတဲ့
Seungriကိုမြင်လိုက်တော့

"Top ဟိုမှာSeungriမလား"

"အေး ဘာလာလုပ်တာလဲမသိဘူး"

"Shopping mallရောက်မှတော့ Shoppingထွက်လာတာနေမှာပေါ့"

"ဒါပေမယ့် သူကJiyoungမပါရင်ဘယ်မှသွားတတ်တာ
မဟုတ်ဘူးလေ"

Topကလှမ်းခေါ်လို့ပြင်လိုက်စဉ်မှာပဲ
မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်Daesungရောသူပါ
အရုပ်ဆိုင်ထဲ အမှတ်တမဲ့ဝင်ပုန်းလိုက်မိသည်

"Top ငါတို့မြင်လိုက်ရတာအမှန်မဟုတ်ဘူးမလား"

"အေး အဲ့လိုပဲထင်တာပဲ"

ပုန်းနေရာကနေပြန်ထွက်ကြည့်လိုက်တော့
Seungriကသူတို့ကိုမမြင်
ကောင်မလေးတစ်ယောက်ကသူ့လက်ကိုချိတ်ထားပြီး
Shopping mallထဲမှCafeထဲသို့ဝင်သွားလေသည်

Pls Hold My Hand(Z+U)(Completed)Where stories live. Discover now