Pls Hold My Hand
Part 11
ညနက်အချိန်မို့အားလုံးအိပ်ပျော်နေကြသည်
မအိပ်သေးသူကJiyoung
မနက်ဖြန်ဆိုCheusokပွဲတော်ပိတ်ရက်လည်းပြီးပြီမို့
တိုက်ခန်းလေးကိုပြန်ပြီးအရင်လိုနေရတော့မည်သူ့ခေါင်းထဲတော့အတွေးတွေများစွာ
ဒီအတောအတွင်းသူ့အမေရဲ့ပုံစံကိုကြည့်ရတာ
Seungriနဲ့အကြောင်းသိသွားရင်တော့စိတ်ပူစရာမလိုပေ
ခက်တာက သူ့အဖေ ထားလိုက်တော့ သူ့အဖေဒေါသကိုတော့သူမကြောက်Seungriရဲ့အမေကသဘောတူတယ်ဆိုရင်တောင်
သူ့အဖေ မြို့တော်ဝန်ကသဘောတူမှာမဟုတ်
တစ်ဦးတည်းသောသားက ယောကျာ်းချင်းကြိုက်တယ်ဆိုတာသာသိရင် မိုးမီးလောင်မှာJiyoungသက်ပြင်းတိုးတိုးလေးချလိုက်ပြီး
သူ့ဘေးအိပ်ပျော်နေတဲ့Seungriကိုသာကြည့်နေလိုက်မိသည်
အတော်ကြာမှအိပ်ပျော်သွားတော့သည်Topအဖွားအိမ်ကနေပဲကျောင်းတန်းသွားပြီး
ညနေမှတိုက်ခန်းကိုပြန်လိုက်ကြတော့သည်"အား....လွမ်းလိုက်တာအခန်းလေးရယ်"
Deasungရဲ့စကားကိုTopကထောက်ခံလိုက်သည်
Seungriကတော့သူ့အမေရဲ့ဖုန်းကိုဆက်ပြီး
စိတ်မပူဖို့အစစအရာရာအဆင်ပြေကြောင်းပြောနေတော့သည်"မင်းတို့ဘယ်တော့ Hotelသွားမှာလဲ"
"အမ် ငါတို့အခုမှပြန်ရောက်တာလေJiyoung"
"မင်းတို့နှောင့်ယှက်လို့ငါနဲ့Riတူတူရှိချိန်တွေလျော့ကုန်ပြီကွ"
"မင်းကလည်းကွာ ဘာတွေဒီလောက်ဖြစ်နေတာလဲ"
"Seungriရေ မင်းကောင်ကိုကြည့်ပြောပါအုန်း မကြာခင်စာမေးပွဲလည်းဖြေရတော့မှာကို"
ငိုသံလေးနဲ့ပြောလာတဲ့Daesungကို
Seungriကခေါင်းငြိမ့်ပြလိုက်ပြီး"စာမေးပွဲဖြေရတော့မယ်လေHyungရယ်
ပြီးတော့ Hyungနဲ့ကျနော်ကမကြာခင်ခွဲရမယ့်သူတွေမှမဟုတ်တာ""Ri သဘော Riစိတ်တိုင်းကျ"
Youngbaeကတော့ဒီနှစ်ကောင်စလာပြီဆိုတဲ့အအကြည့်နဲ့ကြည့်ပြီး စာကြည့်တိုက်ကိုဆိုကာ မတွေ့တာတစ်ပတ်ရှိပြီဖြစ်တဲ့
Ho Rimကိုသွားတွေ့ပါတော့တယ်