Pls Hold My Hand
Part 10(Zawgyi)"မေမေတို့ကဘယ်လိုလုပ်ရောက်လာတာလဲ"
"လောလောဆယ်သားတို့ကျောင်းအတွက်လိုအပ်တာတွေအကုန်
ထည့်ခဲ့ မေမေတို့နဲ့လိုက်ခဲ့"Youngbaeအမေရဲ့စကားကိုကြောင်တောင်တောင်ဖြင့်ခေါင်းငြိမ့်လိုက်ကြရင်း သူတို့ကျောပိုးအိတ်ထဲ စာအုပ်တွေနဲ့အတူ
လိုအပ်တာလေးတွေထည့်ပြီး
တိုက်အောက်ဆင်းလိုက်ကြတော့သည်အသီးသီးသူတို့အမေတွေရဲ့ကားပေါ်တက်ရင်း
စဉ်းစားခန်းဖွင့်နေမိကြသည်
သူတို့ရဲ့မပို့တာကြာပြီဖြစ်တဲ့Gp chatထဲကစာဝင်သံကြားလို့ကြည့်မိတော့Youngbae: မင်းတို့အကြောင်းသိသွားလို့ပြန်
လာခေါ်တာလားJiyoungJiyoung: မဟုတ်တာတွေမပြောနဲ့
Daesung: အခြားအကြောင်းကြောင့်နေမှာပါ
မျက်နှာတွေကပြုံးလို့ပဲလေTop: Jiyoungတို့အကြောင်းတော့မသိလောက်သေးပါဘူး
Seungri: Jennie noonaလည်းပါတယ်ဆိုတော့
ကျနော်တို့ဆီလာလည်တာနေမှာပေါ့ကားရပ်ကအတော်ကြာကြာလေးမောင်းပြီးမှရပ်သွားတာကြောင့်
အပြင်ဘက်ကြည့်မိတော့ Topရဲ့အဘွားအိမ်အခုမှသူတို့သဘောပေါက်သွားသည်
သူတို့အမေတွေကရိုးရိုးလာလည်တာဖြစ်ပြီး
Topရဲ့အဘွားအိမ်ကကျယ်ဝန်းတာကြောင့်
အားလုံးစုပြီးနေလို့ရအောင်လာကြခြင်းပင်ဖြစ်သည်Topရဲ့အဖွားဆုံးပြီးတော့ ဒီအိမ်ကိုပိတ်ထားကြပေမယ့် တစ်ခါတစ်လေမိသားစုတွေစုပြီးလာနေဖူးတာမို့
Jiyoungတို့အတွက်ပတ်ဝန်းကျင်နဲ့ စိမ်းမနေပေဧည့်ခန်းထဲရောက်တော့ ပစ္စည်းတွေလာသယ်တဲ့သူကသယ်
အအေးတွေလာချတဲ့သူကချပေး
စားစရာတွေလာချတဲ့သူကချနဲ့ အိမ်အကူလေးတွေအလုပ်ရှုပ်နေကြသည်Jiyoungကတော့Seungriကိုအသာလေးလက်လှမ်းဆွဲလိုက်
Seungriကအသာလေးလက်ကိုပုတ်ချလိုက်
Jiyiungကပခုံးကိုဖွဖွလေးလှမ်းဖက်လိုက်
Seungriကပခုံးပေါ်ကလက်တွေကိုဖွဖွလေးဖယ်လိုက်နဲ့Topကတော့တွေးမိပါတယ်
ဒီနှစ်ကောင်ငါ့အိမ်လာယွနေကြပြန်ပြီ~~