ep 1

80.1K 1.9K 76
                                    

"တောက်..."

အနည်းငယ် တိတ်ဆိတ်နေတဲ့ စာသင်ခန်းထဲမှ ကျယ်လောင်တဲ့ တောက်ခေါက်သံတစ်ချက် ထွက်ပေါ်လာသည်။

ပြေးကြည့်စရာမလိုဘူး တွေးကြည့်တာနဲ့သိတယ်။ ဒါ... အခန်းထဲက အလှဘုရင်မ နှစ်ဦးဖြစ်တဲ့ မဒီခေတ် နဲ့ ယသော်တို့ရဲ့ ရန်ပွဲပဲ ဖြစ်မယ်ဆိုတာလေ။

အင်...ကျောင်းစတတ်ပြီဆိုကတည်း ကြုံလာခဲ့ရတဲ့ သူတို့နှစ်ယောက်ရဲ့ ပြိုင်ဆိုင်နေမှုနဲ့ ရန်ထောင်နေမှုတွေကြောင့် ဒီလိုကိစ္စတွေက မထူးဆန်းတော့ပါဘူး။ သူတို့အခန်းအတွက်တော့ရိုး....ဟိုးနေပြီ။

"shit...အယုတ်တမာမ ယသော် ငါ့ကို ဒီလိုလာကျောရဲတယ်ပေါ့။ fuckပဲ။ နင်...ဒီတစ်ခေါက်တော့ ငါနဲ့တကယ်တွေ့ပြီ"

ပါးစပ်က ကျိန်ဆဲပြီး ဝုန်းဒိုင်းကျဲ၍ အခန်းထဲက ထွက်သွားတဲ့ မဒီခေတ်ကို သူ့သူငယ်ချင်းတွေကလည်း မတားနိုင်ကျတော့ဘူး။
တကယ်တော့ မတားချင်ကြတော့တာပါ။
မတည့်အတူနေ မမြင်ချောင်းကြည့်ဆိုတာ သူတို့နှစ်ယောက်ပဲလေ။

ဒီရန်ပွဲကို သွားတားရင် ကိုယ်တွေပဲ မောတာအဖတ်တင်မယ်။
သူတို့နှစ်ယောက်ကတော့ ဒုံရင်းက ဒုံရင်းပဲ။

နှစ်ယောက်သားက တစ်ယောက်နဲ့ တစ်ယောက်သာ တိုက်ခိုက်နေကျတာ ထိခိုက်အနာတရ ဖြစ်အောင်တော့ ဘယ်သူမှမလုပ်ကြပါဘူး။ အဲ့တာမို့ နောက်ပိုင်းတော့ အားအားယားယား ရန်ဖြစ်နေကြတဲ့ သူတို့နှစ်ယောက်ကို မဆွဲတော့ဘူး။ ဒီအတိုင်းသာ လွှတ်ထားလိုက်ကြတော့တယ်။

♡♡♡

ကျောင်း canteen မှာထိုင်ပြီး လေလေးတချွန်ချွန်နဲ့ အူမြူးနေတဲ့ ယသော်...သူဒီနေ့ ဟိုငချွတ်မလေးကို အနိုင်ပိုင်းနိုင်ခဲ့တယ်လေ ။

မဒီခေတ် ကြိတ်ကြိတ်ပြီး crush နေတဲ့ ဘဲကြီးက ကိုယ့်ကိုကြိုက်နေပါတယ် ဆိုပြီး သူရှေ့လေးတင် ကိုယ့်ကို လာဖွင့်ပြောတာ။

အဲ့ချိန် မဒီခေတ် မျက်နှာကြီး မဲတတ်သွားတာများ မြင်လို့တောင် မကောင်းဘူး ဟား....။ အဲ့တာကမှ တော်သေးတယ် ပြောရမယ်။

ထပ်ပြီး ကိုယ်က ကိုယ့်ကိုလာကြောင်နေတဲ့ သူရဲ့crushကို သူရှေ့မှာတင် ပညာသားပါပါနဲ့ ငြင်းပြလိုက်တော့ မဒီခေတ်တို့ အသားတွေပါ ဆက်ဆက်ခါအောင် ဒေါသထွက်သွားတာလေ။

PsychoWhere stories live. Discover now