ep 7

14.2K 872 3
                                    

"ဘယ်လိုပြောလိုက်တယ်!!! ဒီဒီ...ဒီဒီက လက်ထပ်တော့မယ် ဟုတ်လား"

"အော ဟုတ်ပါတယ်ဆို။ မေမေတို့ကိုယ်တိုင်ပြောတာ... မနက်ဖြန်မနက်ကျရင် လူကြီးချင်းတွေ့ပြီး မဒီလေးကို လာတောင်းကြတော့မှာတဲ့လေ"

"ဘယ်လို ဖြစ်ကုန်တာလဲ ကိုကိုရယ်။ ဒီဒီက ဘာလို့ ဗြုန်းဆိုင်းကြီး ကောက်ကာငင်ကာ ဖြစ်သွားရတာလဲ"

"အဲ့တာတော့ ကိုကိုလည်း သေချာမသိဘူး။ နားစွန်နားဖျားကြားတာတော့ အဲ့ကိစ္စကို မဒီ့ဖက်က အရင်တောင်းဆိုခဲ့တယ်ဆိုလားပဲ။ ယသော့်ကို မဒီက မပြောပြဘူးလား"

ဟာ...ရက်စက်လိုက်တာ ဒီဒီရယ် ဘယ်လိုတောင် မဆိုင်းမတွ လပ်ထပ်ဖို့ကို ဆုံးဖြတ်လိုက်နိုင်ရတာလဲ။ သူ့ကို ဖြေရှင်းဖို့ အခွင့်အရေးလေးတောင် မပေးတော့ဘဲ တဖက်သတ်ကြီး လုပ်ချလိုက်တော့မယ်ပေါ့လေ။ ဒီဒီရယ်...မင်းက သိပ်ကို အသည်းမာလှချည်လားကွာ ။

"အဲ...အဲ မဒီဆီ လာတာဆို... မတွေ့ဘဲ ပြန်သွားတော့မလို့လား ယသော်!"

ယသော်တို့ ပြန်တောင်မဖြေနိုင်တော့ဘူး။ ထွက်လာပြီးနောက် သူ့အိမ်ဖက်ဆီ အမြန်ပြေးလာ၍ အိပ်ခန်းထဲကိုသာ တန်းဝင်သွားခဲ့သည်။ ခေါင်းအုံးပေါ် မျက်နှာအပ်ချလိုက်ကာပဲ မျက်ရည်တွေကို အထိန်းအချုပ်မဲ့စွာ ကျဆင်းခိုင်းလိုက်တော့သည်လေ။

သူတို့တွေ ဘားမှာဖြစ်ခဲ့တဲ့ကိစ္စကို မဒီခေတ်ဖက်က အထင်လွဲသွားပြီးနောက်ပိုင်း မဒီခေတ်က သူ့အား လုံးဝကို အတွေ့မခံခဲ့တော့ပေ။ အိမ်ကိုလိုက်လာရင် အခန်းတံခါးကိုပိတ်ပြီး အခန်းထဲဝင်နေသည်။  ဖုန်းလဲ ဆက်လို့မရ စာပို့လဲ အကြောင်းမပြန်ဘူး။ ကျောင်းကိုလည်း တစ်ပတ်လောက်ထိကို လုံးဝမလာခဲ့တာဆိုတော့ ဒီတစ်ပတ်အတွင်း သူမဒီခေတ်နဲ့ လုံးဝကို အဆက်အသွယ်ပြတ်နေခဲ့၏။ ဟော..အခုတော့ မဒီခေတ်သတင်းကို ပြန်ကြားလိုက်ရတာက လပ်ထပ်တော့မယ်တဲ့လေ။

'ဟား... ငါ့ကို ရူးသွားစေချင်တာလား ဒီဒီရယ်'

♡♡♡

လူကြီးဆုံရာလာတောင်းရမ်းမဲ့ နေ့မှာတော့ ယသော်တို့ အလှတွေပြင်သည့် သတိုးသမီးလေးအခန်းထဲကို ခိုးဝင်လာခဲ့ပြီလေ။

PsychoWhere stories live. Discover now