ep 4

18.4K 1.1K 3
                                    

ဘားတစ်ခုမှာ ထိုင်ပြီး သောက်နေကြသည့် ယသော်တို့ သူငယ်ချင်းအုပ်စုတစ်စု။ ယသော်ကတော့ အရက်ခွက်ကို ကိုင်ထားလျက် သူ့လက်မှာပတ်ထားသည့် နာရီကိုသာ တကြည့်ကြည့် လုပ်နေသည်လေ။

၈နာရီခွဲကျော်နေပြီ။ ဒီချိန်ဆို သူ့အတွက် မွေးနေ့ကိတ်မုန့်ပြင်ပေးပြီး ထိုင်စောင့်နေမည့် မဒီခေတ်တို့ အူပွနေလောက်ပြီလေ။ သူဒီထပ်ပိုပြီး မညှင်းဆဲတော့ဘဲ သူ့မွေးနေ့ကိုမကျော်သွားခင်လေး မဒီခေတ်ဆီ အချိန်မှီသွားဖို့သာ ပြင်လိုက်တော့၏။ သူ့မွေးနေ့ကို မမှတ်မိလို့ အပြစ်ပေးတာကလည်း ဒီလောက်ဆို လုံလောက်ပြီထင်ပါရဲ့လေ။

ယသော်က ဖန်ခွက်ကိုပြန်ချပြီး ထိုင်နေရာမှ ထရပ်လိုက်သည်။

"အားလုံးပဲ ငါအရင်ပြန်နှင့်ပြီ။ နင်တို့တွေကတော့ ဆက်သောက်ရင် သောက်နေလိုက်ဦး။ ဒီမှာ ငါ့card ကိုထားခဲ့မယ်။ အဝသောက်ပြီး ကျသလောက်သာ ရှင်းလိုက်တော့နော် ငါသွားပြီ"

"Ok! ဖြေးဖြေးသွားဦး ယသော်"

"အေးပါ ငါသွားပြီ ကျော်စွာ"

ယသော်က ထိုနေရာမှ လှည့်ထွက်ချိန်...
"နင်ပြန်တော့ မလို့လား ယသော်... ဟမ့်!"

သရဖီက ပြန်တော့မဲ့ ယသော့်ဆီကို လှမ်းလာရင်း ခြေချင်းလိမ်သွားကာ သူ့လက်ထဲကိုင်ထားသည့် အရက်ခွက်ထဲက အရက်တွေက ယသော့်အင်္ကျီအပေါ် လောင်းချမိသလို ဖြစ်သွားလေတော့၏။

"တောက်!!! နင်ဘယ်လို လုပ်လိုက်တာလဲ သရဖီ။ ဒီမှာ ငါ့အင်္ကျီတွေ အကုန်လုံးပေကုန်ပြီလေ"

" sorry ပါ ယသော်ရယ်... ငါပျာယာခတ်သွားမိလို့ ငါပြန်သုတ်ပေးမယ်နော်"

သရီဖီက တစ်ရှူးတွေယူပြီး ယသော်ရဲ့ ရင်ဖက်နားလေကို သုတ်ပေးနေသည်ကို ယသော်ဟာ သရီဖီ့လက်တွေအား မညာမတာပဲ ဆွဲဖြုတ်ပစ်လိုက်လေတယ်။

"sorry ပါ ယသော်ရယ်။ ငါ့ကို စိတ်မဆိုးပါနဲ့။ ငါအင်္ကျီအသစ် ပြန်ဝယ်ပေးမယ်လေနော်"

"ဟ!ငါက အင်္ကျီအသစ်လိုချင်လို့ ဒီလိုဖြစ်နေတယ်ထင်လို့လား။ ဒီမှာ ငါ့အတွက် ဘယ်လိုတန်ဖိုးရှိမှန်းမသိတဲ့ အရာတွေကို နင့်ဖက်က အမှားလုပ်မိလို့ ဆိုပြီးလို့တော့ အလွယ်တကူ အလျော်မပေးချင်ပါနဲ့။ ပစ္စည်းချင်းတူနေရင်တောင် အဖိုးတန်မှုကတော့ ကွာခြားနေမှာပဲလေ။ ငါသတိပေးလိုက်မယ် သရဖီ နောက်တစ်ခါ ငါ့အင်္ကျီတွေကို ညစ်ပတ်အောင် မလုပ်မိပါစေနဲ့"

PsychoWhere stories live. Discover now