ep 12(final)

22.7K 1K 79
                                    

ယသော်နဲ့ မဒီခေတ်တို့ မယားမိန်းမကို သူတို့ကျောင်းကလူတွေက နာမည်ပြောင် ပေးထားကြသည်။ ဘုန်းဒိုင်း အတွဲ တဲ့။ ဘာဖြစ်လိုက်ရင် ဘုန်း ! ဘာဖြစ်လိုက်ရင် ဒိုင်း! ဆိုပြီး သူတို့ရဲ့ ဆက်ဆံရေးက အမြဲတမ်း emergency ဖြစ်နေလို့တဲ့လေ။

သူတို့အတွဲဆို ကျောင်းမှာ မသိတဲ့လူမရှိဘဲ။ အမြဲတမ်း ရန်တွေဖြစ်နေရာက ရုတ်တရက်ကြီး ခိုးပြေးပြီး လက်ထပ်သွားတယ်။ သိပ်မကြာဘူး တစ်ယောက်နဲ့တစ်ယောက် ကွာရှင်းဖို့လုပ်ပြီး သေတော့မလိုတွေတောင် ဖြစ်သွားကြတယ်။ ပြီးတော့လဲ သိပ်မကြာဘူး ပြန်ခေါ်သွားပြီး လူတွေအမြင်ကပ်မတက် ပူကပ်လာကြပြန်သည်လေ။

အဲ့ဒါကြောင့်ပဲ သူတို့အတွဲက ဘုန်းဒိုင်းအတွဲဆိုတဲ့ နာမည်နဲ့ တအားလိုက်သည်။ တနည်းအားဖြင့် psycho အတွဲတွေပေါ့။

သူတို့တွေအသုတ် ကျောင်းပြီးလို့ ဘွဲ့ယူသွားသည့်တိုင်ပဲ ယသော်နဲ့ မဒီခေတ်တို့ကတော့ ကျောင်းရဲ့နာမည်ကြီး အတွဲတွေအဖြစ် အမည်ကျန်ရစ်ခဲ့သည်။ အသစ်တက်တဲ့ကလေးတွေကတောင် လူတွေကိုသာမသိရင်နေမယ် ယသော်နဲ့ မဒီခေတ်ဆိုတဲ့ နာမည်လောက်ကို ကြားဖူးကြလိမ့်မည်လေ။ အဲ့လိုကို ကျောင်းမှာ ပတ်မွှေသွားခဲ့တာပါ။

ဘွဲရသွားပြီးနောက်ပိုင်းတော့ သူတို့နှစ်ယောက်ရဲ့ အခြေအနေတွေလဲ အနည်းအကျဉ်းတော့ ပြောင်းသွားကုန်၏။ အခုဆိုသူ့ ဖေဖေနဲ့မေမေတို့က ပြန်ပေါင်းထုတ်သွားကြပြီးမလို့ ဒီဒီနဲ့သူတို့နှစ်ယောက်လဲ တခြားအိမ်တစ်လုံးသက်သက်၌သာ ပြောင်းပြီး နေဖြစ်နေကြပြီလေ။ အင်...ကိုယ်တွေ အချစ်စမ်းကြတဲ့ အခြေအနေကို ကိုယ်တွေပဲ သိတယ်ဆိုတော့ တော်ကြာ မိဘတွေနဲ့ တစ်အိမ်ထဲမှာ အတူနေပြီးမှ မျက်နှာပူစရာတွေ ဖြစ်ကုန်မှာ စိုးရတယ်လေ။ အဲ့ဒါကြောင့်မလို့ပါ။

ကျောင်းပြီးသွားတဲ့နောက်ပိုင်းမှာ ဒီဒီက ကုမ္ပဏီအလုပ်တွေ ဘာတွေကို စိတ်မဝင်စားတာမို့ သူ့စိတ်ပါသည့် ကားအလှဆင်နဲ့ car accessories ရောင်းတဲ့ ဆိုင်လေးတစ်ဆိုင်ကိုသာ ဖွင့်ထားပြီး သူကိုယ်တိုင်ပဲ အဲ့မှာ ဦးစီးလုပ်ဆောင်နေသည်လေ။

ကိုယ်ကတော့ အစကတည်း ဒီဒီကလွဲလို့ ဘာမှထူးခြားပြီး စိတ်ဝင်စားတာမရှိတာမို့ ဒီဒီ့ဖေဖေရဲ့ ကုမ္ပဏီမှာပဲ အလုပ်ဝင်လုပ်ဖြစ်နေပါတယ်။ ပြီးတော့
သရဖီကပါ သူနဲ့ကုမ္ပဏီတစ်ခုထဲမှာပဲ အလုပ်လုပ်အတူတူ လုပ်ဖြစ်နေခြင်းပေါ့။

PsychoWhere stories live. Discover now