PART 1 |UNICODE|

1.7K 127 2
                                    

" ဂျုံအင် အခုလာမှာလား မလာဘူးလားပြော! "

မိနစ် ၂၀ လောက်ကြာတဲ့ schedule ရှင်းတမ်းကြီးပြီးတဲ့နောက်မှာ ဆယ်ဟွန်းစိတ်မရှည်တော့ပါ။ ရှင်းပြနေတဲ့အချိန်အတွင်း ပြေးလာလိုက်ရင်တောင် အခုချိန် ဆယ်ဟွန်းရှေ့ရောက်နေလောက်ပြီကို။

ဖုန်းပြောနေတုန်း လက်ထဲမှာကိုင်ထားတဲ့ chocolate ice-cream ကလည်း အရည်တွေပျော်ကာ လက်တစ်ခုလုံး ပေကျံနေပြီမို့ အမှိုက်ပုံးထဲကိုသာ ပစ်ထည့်လိုက်တော့သည်။

" ရတယ်လေ။ ဂျုံအင်ကိုယ်တိုင် လာမကြိုဘူးဆိုရင် ကျွန်တော်လည်း အိမ်ပြန်မလာတော့ဘူး။ ဂိမ်းဆိုင်သွားမယ်။ bar သွားမယ်။ ပြီးရင် club မှာ တစ်ညလုံး.... "

" ကိုယ်ရိုက်ကူးရေး စတော့မှာမို့လို့... "

" ...... "

" တီ... တီ... တီ... "

စကားပြောနေတုန်း ဖုန်းချသွားတာလောက် ဆယ်ဟွန်း အမြင်ကပ်တာ မရှိ။ ဆယ်ဟွန်းတစ်ယောက် ဒေါသထွက်၍ ကျောင်းရှေ့မှာ ဖုန်းတစ်လုံးနှင့် ခုန်ဆွခုန်ဆွ ဖြစ်နေတော့သည်။

" ဂျုံအင်!! ဂင်မ်ဂျုံအင်!! ahh.... sh*t.. ဖုန်းချသွားပြီ။ ဒီလူကြီးကတော့... ။ ရတယ်လေ... ။ အိုဆယ်ဟွန်းကို ဒါမျိုးလာစမ်းလို့ရမလား "

ဆယ်ဟွန်း ဖုန်းကို ပါဝါပိတ်ကာ တစ်ယောက်တည်း ကျောင်းနားက ဂိမ်းဆိုင်ကို ထွက်လာလိုက်သည်။ သာမန်ဂိမ်းဆိုင်အသေးလေးမှာ သူနဲ့ရွယ်တူ အထက်တန်းကျောင်းသားလေးများဖြင့် ပြည့်ကျပ်နေသည်။

စက်တစ်လုံးယူပြီး သွားထိုင်တော့ ဘေးစက်က ကျောင်းသားတွေက သူ့ကိုကြည့်ရင်း အုပ်စုလိုက် တိုးတိုး တိုးတိုးပြောနေကြသည်။

ဆယ်ဟွန်း ကောင်တာက တစ်ခါတည်းယူလာတဲ့ coke zero ဘူးကို စားပွဲပေါ်မှာ အသံမြည်အောင် ဆောင့်ချလိုက်ရင်း...

" ဟေ့ကောင်!!! ဘာကြည့်တာလဲ... ရန်ဖြစ်ချင်လို့လား! "

ကျောင်းသားအုပ်စုလည်း ဟိုဘက် ပြန်လှည့်သွားပြီး ဂိမ်းဆက်ဆော့နေကြသည်။ အုပ်စုလိုက်နဲ့ တစ်ယောက်တည်းဆိုပေမယ့် သူတို့ အိုဆယ်ဟွန်းနဲ့ ရန်မဖြစ်ရဲ။

M E R R Y M E [COMPLETED]Where stories live. Discover now