PART 4 |UNICODE|

891 106 2
                                    

ဝရန်တာကို ပျင်းတိပျင်းရွဲမှီရင်း ဆယ်ဟွန်း စိတ်အနည်းငယ်ရှုပ်နေမိသည်။အေးစိမ့်နေပေမဲ့ အထဲမှာမနေချင်။ လွတ်လွတ်လပ်လပ်နေခဲ့သူမို့ အခု တိုက်ခန်းထဲမှာနေရတာ ကြာလာတဲ့အခါ စိတ်ရှုပ်လာမိသည်။
ဒါပေမဲ့လည်း ပြသနာတွေကမရှင်းသေးသည်မို့ ဆယ်ဟွန်းကျောင်းလည်းမသွားရ။ ဂျုံအင်က ကျောင်းကိုခွင့်တိုင်ပေးထားတာ ဒီမှာပဲနေဖို့မှာထားသည်တဲ့။
သူလည်း ဟိုတစ်နေ့ကအပြင်ကိုထွက်မိချိန် ကြုံလိုက်ရသည့်
ကိစ္စကြောင့် မထွက်ရဲတော့။ ဖုန်းကြည့်ပြန်တော့လည်း
အရင်လောက်မဆိုးပေမဲ့ သူနဲ့ဂျုံအင့်သတင်းတွေက ကြီးသင့်သလောက်ကြီးနေတုန်း။ သူ့ဘက်ကအပြစ်မရှိဘူးဆိုပေမဲ့ သူ့ကြောင့်ဆိုးရွားသွားရသည့် ပြသနာတွေမို့ ဆယ်ဟွန်းမြင်သည်နှင့် ငိုချင်သည်။

ပြီးတော့ ဟိုလူကြီး ။ အဲ့ဒီလူကြီးက ရှင်းမပြနဲ့ဆိုတိုင်း ရှင်းလည်းမပြ ။ အနားမလာနဲ့ မတွေ့ချင်ဘူးလို့ ပြောမိရုံလေးပါ။ တစ်ခါလေးပဲပြောမိခဲ့တာပါ။ ဒါပေမဲ့
အဲ့ဒီလူကြီးက နေနိုင်သည်။ တိုက်ခန်းမှာ
သူ့ကိုဖွက်ထားပြီး သူ့ကိုလာမတွေ့။ ကိုယ်တိုင်က စိတ်ဆိုးပြီး
ဂျစ်ခဲ့တာဖြစ်ပေမဲ့  ၊ အလုပ်ရှုပ်နေလောက်မှာမှန်းသိပေမဲ့
လွမ်းသည်။ ဒီလိုနှင်းစက်တွေ တဖွဲဖွဲကျပြီး အေးစိမ့်နေသည့်အချိန်မှာ ဂျူံအင့်ရင်ခွင်ထဲမှီနေချင်သည်။
စကားတွေပြောချင်သည်။ အခု တိုက်ခန်းထဲမှာ နေရသည်တောင် နေရာတိုင်းမှာ ခရစ်စမတ်အငွေ့အသက်တွေရနေသည်။ ခရစ်စမတ်ကြောင့်ပျော်နေကြသူတွေကို တီဗွီမှတစ်ဆင့်မြင်နေရသည်မို့ တီဗွီလည်းမကြည့်ချင်။
သူကတော့ ပျော်ရမည့်အစား၊ စိတ်ရှုပ်စရာတွေကြုံရပြီး
အခုတော့ လွမ်းနေရသည်မဟုတ်ပါလား။ ဒီနေ့မှ နှင်းတွေကလည်း တဖွဲဖွဲကျရင်း မစဲ။ သူ့အလွမ်းကို အဲ့ဒီနှင်းစက်တွေက ပိုပြီးအားဖြည့်ပေးနေသလိုပဲ။
ဆယ်ဟွန်း မျက်ရည်တွေဝဲလာမိပြီး နှုတ်ခမ်းကိုဖိကိုက်လိုက်သည်။

လွမ်းတယ်...ဂင်မ်ဂျုံအင်ရဲ့။ ကျွန်တော့်ကိုလာတွေ့ပါတော့။

"ဆယ်ဟွန်း... အေးတယ်။ အထဲဝင်သင့်ပါပြီ။ "

မှန်တံခါးကိုဖွင့်ရင်း ရီရှင်းကသတိပေးသည်။
ဆယ်ဟွန်း သက်ပြင်းတစ်ချက်ချရင်းသာ အထဲလှည့်ဝင်ခဲ့လိုက်ပါသည်။

M E R R Y M E [COMPLETED]Where stories live. Discover now