PART 2 |UNICODE|

768 96 2
                                    

"သိလား ဂျုံအင်...."

ခုံပေါ်တင်ထားသည့် ဂျုံအင့်လက်ဖဝါးကိုကိုင်ရင်း စကားအစချီသည့် ဆယ်ဟွန်း။သိလား အစချီရင်း တတွတ်တွတ်ပြောနေသည်မှာ မမောနိုင်။

"အင်း..."

သူ့လက်ဖဝါးကို ကိုင်ထားသည့်ဆယ်ဟွန်းရဲ့လက်ကို ဆုပ်ကိုင်လိုက်ပြီးမှ ဖွဖွလေးထိတွေ့နေသည့် ဂျုံအင့်မျက်နှာက ပြုံးရိပ်ရိပ်။သူ့ကလေးကို မျက်တောင်မခတ်တမ်းကြည့်ရင်း ပြောသမျှကို အာရုံစိုက်နားထောင်ပေးနေရတာကိုပင် ဂျုံအင်ကသိပ်ကိုကြည်နူးနေဟန်။

အရင်တစ်ခါ ဆယ်ဟွန်း စိတ်ဆိုးပြီးကတည်းက အတူတူမရှိရတာ တစ်ပတ်နီးပါးလောက်ရှိလေမလား။ဂျုံအင် Train ပေးနေသည့်ကလေးတွေ debut ရှိသည်မို့ ဆယ်ဟွန်းကိုမနည်းရှင်းပြကာ နားလည်မှုယူထားရသည်။
ယခုလည်း အားလပ်သည်တော့ မဟုတ်ပေမဲ့ ရှိစုမဲ့စုအချိန်လေးကို ဖယ်ကာ ဆယ်ဟွန်းသဘောကျ Night Date ထွက်ပေးရခြင်း။

လမ်းဘေးမှလူရှင်းသည့်ဆိုင်လေးမှာ အတူထိုင်ရင်း
ချစ်ရသည့်ကောင်လေးနဲ့ အချိန်ဖြုန်းရသည်ကိုက ဂျုံအင့်အတွက် အကောင်းမွန်ဆုံးပဲ။ဆယ်ဟွန်းနဲ့ဒီလို အတူရှိရချိန်ဆို အာဏာမရှိ၊ပကာသနမရှိ။ အင်း တစ်ခါတလေတော့ ဂျစ်တူးလေးကြောင့် အာဏာသုံးရလေ့ရှိပေမဲ့ ဂျစ်တူးလေးစိတ်ပျော်နေလျှင်
ဘာအဆောင်အယောင်မှမရှိလည်း အဆင်ပြေသည်။
လက်ချင်းတွဲချိတ်ပြီး ရောက်ရာလျှောက်သွား၊စားချင်ရာစား၊
ဂျစ်တူးလေးပြောသမျှ နားထောင်ပေးပြီး လုပ်ချင်ရာလုပ်ပေးနေရရင် အရာအားလုံးအဆင်ပြေပြေပါပဲ။
သူ့မှာလည်း Entertainment တစ်ခုရဲ့ CEO ဖြစ်နေတာနဲ့တင် အလုပ်ကသိပ်ရှုပ်လေတော့ တစ်ခါတလေ
ဒီကောင်လေးအတွက် လစ်လပ်မှုတွေရှိနေတာလည်း စိတ်မကောင်း။ ဒီဂျစ်တူးလေးက သူနဲ့အတူအရှိနေရပြီး၊ သူ့လက်လေးတွဲထားရရင်ကို ပျော်နေတဲ့ကလေး။

"လက်တွေအေးနေပြီ  လက်အိတ်ပြန်စွပ်ထားတော့နော်..."

ဂျုံအင်အိတ်ထဲမှ ဆယ်ဟွန်းရဲ့လက်အိတ်တွေကိုယူကာ ပြန်စွပ်ပေးထားလိုက်သည်။စကားတတ်သည့်ကောင်လေးက
ဂျုံအင်လက်ကိုကိုင်ထားရရင် နွေးပါတယ်ဆိုပြီး အတင်းဂျီကျ၍သာ လက်အိတ်တွေကိုချွတ်ပေးထားရတာ။
နှင်းတဖွဲဖွဲကျနေသည့် ဆောင်းရာသီမှာ အအေးကြောက်သည့်ကောင်လေးကို သိပ်ဂရုစိုက်ရပါသည်။

M E R R Y M E [COMPLETED]Where stories live. Discover now