PART 3 |UNICODE|

609 95 0
                                    

နောက်တစ်နေ့မနက် ဆယ်ဟွန်းနိုးလာတော့ ကုတင်ပေါ်မှာမဟုတ်ဘဲ အခန်းထဲက ဆိုဖာပေါ်မှာ။ လက်ထဲမှာ ကိုင်လျက်ရှိသည့် ဖုန်းက နာရီကိုကြည့်လိုက်တော့ မနက် ၁၀ နာရီထိုးနေပြီ။

ကျောင်းချိန်လည်းကျော်နေပြီဖြစ်သလို ကျောင်းသွားချင်စိတ်လည်းမရှိတော့ အတော်ပဲပေါ့။ မျက်နှာသစ် သွားတိုက်နေရင်း မနေ့ကအကြောင်းတွေက တရေးရေးပြန်ပေါ်လာတော့ ဆယ်ဟွန်းခေါင်းကို လက်နဲ့ဆွဲဖွလိုက်သည်။

ရေချိုးခန်းထဲက ထွက်လာပြီး ဖုန်းကို ဖွင့်ကြည့်လိုက်တော့ အခုထိ သူဟိုကောင့်ကို ထိုးနေတဲ့ ဗီဒီယိုက ကြည့်ရှုသူအများဆုံးဖြစ်နေဆဲ။ ကိုရီယားနိုင်ငံမှာ hashtag အမျိုးမျိုးဖြင့် trending ဖြစ်နေဆဲ။

သို့သော် ထို hashtag မျိုးစုံမှာ ဆယ်ဟွန်းနာမည် တစ်လုံးမှမပါ။ ဂျုံအင်နာမည်တွေသာ တန်းစီ၍ မကောင်းသည့်ကိစ္စက trending ဖြစ်နေတော့ ဆယ်ဟွန်းစိတ်မကောင်း။

အမှန်ဆို ဒီကိစ္စက ဟိုကောင်က တမင်လာစတာ။ သူဒေါသကြီးမှန်းသိလို့ မခံချင်အောင် တမင်လာစပြီး ထောင်ချောက်ဆင်တာ။ ဒါကို ဆယ်ဟွန်းကိုယ်တိုင်ပဲ သိသည်။

မီဒီယာတွေမှာ ပြန့်နေတဲ့ ဗီဒီယိုဖိုင်တွေက လိုရာဆွဲဖြတ်ပြီး တင်ထားတဲ့ဟာတွေ။ မသိရင် ဆယ်ဟွန်းကပဲ ဂျုံအင်နဲ့ dating ထွက်လို့ အနိုင်ကျင့်ပြီးတက်ထိုးသလိုပင်။

ဆယ်ဟွန်း အခန်းထဲမှာပဲ ငုတ်တုတ်ထိုင်ပြီး ဖြေရှင်းဖို့ နည်းလမ်းကို စဥ်းစာနေတုန်း အွန်းဝူဆီက message ဝင်လာသည်။ အွန်းဝူရဲ့ စာကိုဖတ်ဖို့ message box ထဲဝင်မှ ဂျုံအင်ရဲ့စာတွေ နီရဲနေတာကို ဆယ်ဟွန်းတွေ့မိသည်။

- ငါဒီနေ့ ကျောင်းလစ်လာတယ်။ ဒီနေ့ နေရာစုံလျှောက်သွားပြီး ပျော်ကြရအောင်။

- အိုကေ။ ငါအခု ထွက်လာခဲ့မယ်။ ကျောင်းနားက ဂိမ်းဆိုင်ရှေ့မှာ တွေ့ကြမယ်။

ဂျုံအင် ဒါမှမဟုတ် ကိုကြီးနဲ့မဟုတ်ရင် အပြင်လျှောက်မသွားဖြစ်တဲ့ ဆယ်ဟွန်းက ဒီနေ့တော့ စိတ်ညစ်နေတာရော ဂျုံအင့်ကို မတွေ့ချင်တာတွေပါရောပြီး အပြင်ထွက်ဖို့ဆုံးဖြတ်လိုက်သည်။

M E R R Y M E [COMPLETED]Where stories live. Discover now