Chapter (7)

161 13 4
                                    

" မင်းငါ့ကို တကယ်ချစ်တာ မဟုတ်ဘူး Saifah .. ငါတို့ ဝတ္ထုထဲ ရောက်နေတာ .. ဒါ ဝတ္ထုကြီးသိလား "

Zon က ပြောလည်းပြော ရှိုက်သံတွေနဲ့ နင့်နေအောင်ပါ အော်ငိုတယ်

" ဘာလို့ ငါ့ကို မယုံကြည်ပေးနိုင်ရတာလဲ Zon .. ငါတကယ်မင်းကို ... "

Saifah စကားမဆက်နိုင်တော့ ~

သူတို့နှစ်ယောက်ရဲ့ အခြေအနေက ဘယ်နေရာက စမှားနေခဲ့တာလဲ

သူငယ်ချင်းအဖြစ်နဲ့ နေကြတုန်းကမှအကောင်း ဖွင့်ပြောလိုက်ပြီဆိုမှ Zon က တဖယ်ဖယ် တရှောင်ရှောင်နဲ့ အနားတောင် အကပ်မခံတော့ဘူး .. တကယ်ချစ်ကြောင်း ဘယ်လောက်ရှင်းပြပြ toxic ဖြစ်တဲ့ အတွေးတွေနဲ့ Zon က အမြဲငြင်းပယ်တယ်

အခုတော့ မဖြစ်နိုင်တဲ့ အကြောင်းပြချက်ကြီးနဲ့ပါ ကိုင်ပေါက်တတ်နေပြီ

ဘာဝတ္ထုလဲ? ဘယ်က ဝတ္ထုလဲ?

သူတို့က ပြင်ပလောကမှာ တကယ်ရှိနေတဲ့ သက်ရှိထင်ရှား လူတွေလေ .. ကလေးဆန်တာ နားလည်ပေးနိုင်ပေမယ့် ကလေးလို ယုံတမ်းစကားတွေ ယုံပြီး မဟုတ်ကဟုတ်က ပြောတာတော့ Saifah အသည်းတွေနာတယ်

Zon လက်ကို ဆွဲယူမလို့လုပ်ပြီးမှ မလှမ်းဖြစ်တော့ဘဲ Saifah လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး ...

" ကောင်းပြီ Zon .. ဝတ္ထုလို့ ထင်နေရင်လည်း ဝတ္ထုပဲပေါ့ .. ဒါပေမယ့် ဘာလို့ ဝတ္ထုထဲမှာတောင် ငါက မင်းကို တကယ်မချစ်ပါဘူးလို့ ထင်နေရတာလဲ ?? "

မျက်ရည်အပြည့်နဲ့ မျက်လုံးတစ်စုံက Saifah ကို မော့ကြည့်လာတယ်

" ဝတ္ထုထဲမှာဆို မင်းက အစစ်အမှန် မဟုတ်ဘူးလေ Sai .. အဲ့လို အချစ်မျိုး ငါ အယုံအကြည် မရှိဘူး "

" ဟက် .. Zon Zon ~ မင်းငါ့အချစ်ကို တော်တော်လေး အထင်သေးတာပဲနော်! ဒါဆိုလည်း မင်းယုံကြည်ရာအတိုင်း နေခဲ့တော့ Zon .. ငါ ဒီနေရာမှာတင် မင်းနဲ့ ဇာတ်လမ်းဖြတ်တယ် .. ငါတို့ လုံးဝ ထပ်မတွေ့ဘဲ သူစိမ်းတွေလို နေသွားကြတာပေါ့ "

" Saifah .. ငါက ~~ "

" ဝတ္ထုထဲကနေ ပြန်ထွက်လာနိုင်တဲ့ တစ်နေ့ကျရင်လည်း ဒီတိုင်းပဲ ဆက်ယုံထား .. ငါ့အချစ်က အစစ်အမှန် ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူးလို့လေ "

Once Upon A TimeWhere stories live. Discover now