Chapter (6)

178 21 2
                                    

" ဟိတ် ရွှတ် ရွှတ် .. ရှေ့က ကျောပိုးအိတ်အကြီးကြီးနဲ့ကောင်လေး .. နာမည်လေး တစ်ဆိတ်လောက် သိချင်လို့ဗျ "

...

...

" ဟော .. တအားမြန်မြန် လျှောက်နေပြန်ပြီ .. နာမည်လေး မေးတာကို စကားမပြန်ဘူး .. ကပ်စေးနည်းလိုက်တာ "

" Ai' SAIFAH !!! "

" ဗျ ဗျ !! 😊 "

Zon နောက်ပြန်လှည့်ပြီး အော်ခေါ်ပစ်လိုက်တော့ ဘာအပြစ်မှ မလုပ်ထားသလို မျက်နှာလေးနဲ့ သတိအနေအထားရပ်ပြီး ပြန်ထူးလာတဲ့သူ

ကျောင်းပေါက်ဝအဝင်ကတည်းက Zon နောက်တောက်လျှောက်လိုက်လာပြီး မလှမ်းမကမ်းကနေ တရွှတ်ရွှတ်နဲ့ စလာလိုက်တာ Communication Art ကျောင်းဆောင်ရှေ့အထိပဲ

Zon ရပ်ရင် လိုက်ရပ်တယ် .. နောက်လှည့်ကြည့်ရင် ဟိုဟိုဒီဒီ ငေးကြည့်နေသလို ပုံစံလုပ်တယ် .. ဆက်လျှောက်ရင် တကောက်ကောက်ထပ်လိုက်ပြီး စပြန်တယ်

မနက်ကတည်းက နေရခက်နေတာမို့ အခုလို Saifah က ရွှတ်နောက်နောက်ပုံစံ ပြောင်းသွားတာကို Zon အနေနဲ့ အသားမကျဘူး

တကယ်တော့ Saifah ရေချိုးနေတုန်း Zon အိမ်ကို အမြန်ပြန်ပြေးခဲ့မိတာ .. ကျောင်းမတက်တော့ဘူး လုပ်ထားပေမယ့် ဒီနေ့ presentation မှာ Zon မပါလို့ မဖြစ်တဲ့အကြောင်း သူငယ်ချင်းတွေက ဖုန်းဆက်ပြောလာတော့ Zon မှာ ပစ်စလက်ခတ်ကြီး မျက်နှာမလွှဲရက်နိုင်တာနဲ့ပဲ ပျင်းပျင်းနဲ့ လာခဲ့ရတဲ့အဖြစ်

ကျောင်းကားပေါ်ကလည်းဆင်းရော ကျောင်းဝင်ပေါက်မှာ စတိုင်မလိုင်နို့ဆီသကြား အပြည့်နဲ့ Saifah တစ်ယောက် ခပ်မိုက်မိုက် ရပ်နေတာကို ဘွားခနဲ မြင်လိုက်ရတာမို့ Zon မှာ ခြေလှမ်းတွေတောင် တုံ့ခနဲ ရပ်သွားမိတဲ့အထိ

Zon ကိုမြင်တော့ အားတက်သရော လက်ဝေ့ယမ်းပြရှာတယ် .. ဘေးနားမှာ ကောင်မလေးတွေကလည်း ဓာတ်ပုံတဖျတ်ဖျတ်နဲ့

ကိုယ်က ထွက်ပြေးခဲ့တဲ့သူဆိုတော့ အခုလို မျက်နှာချင်းဆိုင် ဆုံတဲ့အချိန် Zon သိတဲ့ တစ်ခုတည်းသော အရာက Saifah ကို မမြင်ချင်ယောင်ဆောင်ဖို့ပဲ .. ဒါပေမယ့်လည်း Saifah ကတော့ Zon နာမည်ကို တကြော်ကြော် အော်ခေါ်ပြီး နောက်ကလိုက်လာတယ်

Once Upon A TimeWhere stories live. Discover now