Chapter (2)

183 24 3
                                    

Football Club ကို Saifah မရောက်ဖြစ်တာ ဒီနေ့နဲ့ဆို တပတ်ပြည့်ပြီ

တလောက ကားပျက်လို့ Tee ဆိုင်ကယ်နောက်က လိုက်စီးရင်း လမ်းအကွေ့မှာ ဆိုင်ကယ်လဲလို့ Saifah ခြေထောက် ခေါက်သွားတာ အခုထိ နာကျန်နေတုန်းပဲ

ခါတိုင်းလည်း Training ပျက်ကွက်နေကျပေမယ့် ဒီတစ်ခါတော့ တော်တော်ကြာသွားတာမို့ P' Jay က သိပ်မကြည်ဘူး .. ဆူချင်ပေမယ့် ဆူရခက်နေလို့ ဖြစ်ကောင်းဖြစ်လိမ့်မယ် .. Saifah က မျက်နှာချိုသွေးတတ်တဲ့သူမျိုးလည်း မဟုတ်တော့ P' Jay ဆူတိုင်း မျက်နှာသေနဲ့ ခေါင်းငြိမ့်ပြတာများတယ်

တနည်းအားဖြင့် အဆူခံတဲ့ လူစားမျိုးပေါ့ .. နားထောင်စရာရှိတာနားထောင် ပြီးရင် သူလုပ်ချင်ရာလုပ်တဲ့ လူမျိုးလေ

ဒါပေမယ့် ဒီနေ့တော့ သူသက်သာနေပြီမို့ Training လာဆင်းတာပါ

သူမလာတိုင်း အသင်းသားတွေ ပတ်ရမ်းခံနေရတာကိုလည်း အားနာလာမိလို့ရယ်

“ Ai' Jia .. ဒီနေ့ Ai' Zon မျက်နှာ စူပုတ် ကောက်ထစ်နေတာပဲ သိလား ”

“ Nong Zol နဲ့ ရန်ဖြစ်ပြန်တာမို့လား ”

“ အေး Nong Zol ဆုရလို့ Khun Mae ဝယ်ပေးထားတဲ့ မုန့်တွေကို သူ ညက ဗိုက်ဆာလို့ ယူစားပစ်လိုက်တာတဲ့ .. Nong Zol က ပြန်တိုင်တော့ ဒီမနက် အဆူခံရတယ် ပြောတယ် ”

" ဟားဟား !! "

အဝတ်လဲခန်းထဲ သူရောက်ရောက်ချင်း အဲ့စကားတွေ ကြားလိုက်ရတယ်

Zon ~

အဲ့နာမည်ကို Junior နဲ့ Tanthai ဆီက မကြာခဏကြားရတယ် .. တစ်ရက်တစ်ရက်လည်း အဲ့ကောင်လေးအကြောင်း မရိုးအီရဘူး အဖြစ်အပျက်တွေက

ညီမဖြစ်သူနဲ့ အချိန်တိုင်း ရန်ဖြစ်နေတတ်ပြီး ကြားရသမျှ အပြုအမူတိုင်းက Saifah တို့အရွယ်မှာ သိပ်လုပ်လေ့လုပ်ထ မရှိတော့တဲ့ ကလေးကွက်တွေချည်း

Uni ကျောင်းသားတောင် ဖြစ်နေပြီ .. ဘောပင်လေးတစ်ချောင်း ကျိုးတာကို တစ်ညတိတိ မအိပ်ဘဲ ငိုနေခဲ့တယ်တဲ့

သူတို့အဖွဲ့ထဲက Natee တစ်ယောက် သူသောက်နေတဲ့ ဖျော်ရည်ကို လုသောက်သွားလို့ စိတ်ကောက်ပြီးမခေါ်တာ ၃ရက်တောင် ကြာတယ်တဲ့လေ

Once Upon A TimeWhere stories live. Discover now