ဒါက ကိုယ့်အပိုင်မဟုတ်ဘူး .. Acc မှာဆို ပျောက်သွားမှာစိုးလို့ လာ Save တာ .. SaifahZon Story Ep.2 မလာခင် ကြိုငိုချင် ငိုရအောင်လို့ 😊
Saifah POV
မိုးကုပ်စက်ဝိုင်းပေါ်မှာ ဖြာကျလို့နေတဲ့ .. ဝင်စပြုနေပြီဖြစ်တဲ့ နေမင်းကြီးရဲ့ လိမ္မော်ရောင်ဖျော့ဖျော့ အလင်းရောင်နဲ့ ကျွန်တော့်မျက်နှာပေါ် ဖြတ်သန်းတိုက်ခတ်နေတဲ့ အေးစိမ့်စိမ့်လေပြေတွေဟာ ကျွန်တော့်စိတ်တွေ ငြိမ်ကျသွားဖို့ အကူအညီမဖြစ်စေခဲ့ဘူး
Zon နဲ့ ဘယ်လိုစကားမျိုး စပြောရင်ကောင်းမလဲ တွေးမရသလို ကျွန်တော်တို့နှစ်ယောက် အရင်အခြေအနေလေးအတိုင်း ပြန်ရောက်ဖို့ ဘယ်စကားအသုံးအနှုန်းကို ရွေးသင့်တယ်ဆိုတာကိုလည်း သိမနေခဲ့ဘူး
ကျွန်တော့်ခေါင်းထဲ စကားလုံးသန်းပေါင်းများစွာ ရှိနေပေမယ့် ဘယ်လိုစကားလုံးက အရင်ဆုံးဝန်ခံတဲ့နေရာမှာ သုံးဖို့သင့်တော်သလဲ ဆုံးဖြတ်ချက်မချနိုင်သေးဘူး
ဒါက ဒါက .. တအားခက်ခဲလွန်းတယ်
" Saifah ~ "
ရင်းနှီးနေတဲ့ အသံလေးတစ်ခုက ကျွန်တော်နား မနီးမဝေးမှာ ထွက်ပေါ်လာတာမို့ ခေါင်းငဲ့ကြည့်မိတော့ Zon က သိပ်မလှမ်းတဲ့ အကွာအဝေးမှာ မတ်တပ်ရပ်လို့နေတယ်
" နေကောင်းရဲ့လား ? "
" အင်း "
ကျွန်တော်ခေါင်းငြိမ့်ပြလိုက်တယ် .. ကျွန်တော့်နှလုံးခုန်သံကို ပုံမှန်ထက် ပိုပြီးခုန်လှုပ်မနေအောင် ကြိုးစားထိန်းချုပ်ရင်းနဲ့ ~
" မဆိုးပါဘူး "
" Ai' Tee က ငါ့ဂစ်တာကို မင်းပြန်လာပေးမယ်လို့ ပြောလို့ "
" .... "
" ဘယ်မှာလဲ ဂစ်တာက ? "
" ဂစ်တာ ?! ဘာဂစ်တာလဲ ? ငါမနက်ဖြန်မှ ယူလာမှာလို့ သူတို့ကို ပြောလိုက်ရဲ့သားနဲ့ "
" အာ ?? "
Zon မျက်နှာလေးက ဝေခွဲမရဖြစ်သွားပြီးမှ ~
" ဘာလဲကွာ .. ဘာလို့ သူတို့က ငါမင်းနဲ့လာတွေ့အောင် ညာခေါ်ရတာလဲ "
" ငါပြောစရာရှိနေလို့ "
" ဒါပေမယ့် ငါ့မှာမရှိဘူးလေ "
YOU ARE READING
Once Upon A Time
Fanfictionဒီအမုန်းက သံသရာထိ ရှည်မယ်လို့ ထင်ခဲ့ဖူးတယ် ဆိုရင်ရော ?! P' Candy Oon belong to these two characters!! 🥰 ဒီအမုန်းက သံသရာထိ ရှည်မယ်လို့ ထင်ခဲ့ဖူးတယ် ဆိုရင်ရော ?!