ZAWGYI
•~•~•~•~•~•~•~•
💢
" Ahh! "
" ဟောဗျာ ~ "
အာမေဋိတ်အသံနှစ်ခုက ရှေ့ဆင့်နောက်ဆင့် ထွက်ပေါ်လာပြီး Saifah ကပျာကယာ နောက်လှည့်ကြည့်လိုက်ချိန် Zon က သူ့မေးစေ့လေးကို လက်နှစ်ဖက်နဲ့အုပ်လို့ တကျွတ်ကျွတ်လုပ်နေတယ်
" လက်ခဏဖယ် .. အဆင်ပြေရဲ့လား .. တအားနာသွားလား Zon .. ဖွဖွ !! "
" တအားမနာပါဘူး .. သွားချင်းပြန်ခတ်မိလို့ အောင့်သွားတာ "
ခေါင်းနောက်ဖက်ကို ဖမ်းထိန်းကိုင်ရင်း မေးဖျားအောက်ခြေလေးကို Saifah လက်ဖဝါးနဲ့ အသာပင့်ဖိလို့ မန်းမှုတ်ပေးတော့ ငိုမဲ့မဲ့မျက်နှာလေးနဲ့ ဖြေရှင်းချက်ပေးလာတဲ့ ကောင်လေး
" ဘယ်တွေမော့ကြည့်နေလို့ ထူးထူးဆန်းဆန်း ဒီမေးဖျားက နောက်ကျောကို လာတိုက်ရတာလဲ .. မေးခိုင်သွားပြီး ဘာမှစားလို့မရတော့ရင် ဘယ်လိုလုပ်မလဲ .. သတိထားတာ မဟုတ်ဘူး "
စိုးရိမ်လွန်စိတ်နဲ့ ဆူသလို ပြောလာတဲ့ Saifah စကားကြောင့် Zon မျက်လုံးလေးတွေက အပြစ်လုပ်ထားမိတဲ့သူလို ဟိုရွေ့ဒီရွေ့ ဖြစ်သွားတယ် .. တကယ်တော့ Saifah နေတဲ့ Condo က အရမ်းမိုက်လို့ Zon နောက်ကလိုက်နေရင်းနဲ့ မျက်လုံးကစားနေခဲ့မိတာ
လျှောက်လမ်းတစ်ခုလုံး အဆင့်မြင့် မီးလုံးလေးတွေက နေရာအနှံ့ .. Lift ကလည်း အပြင်ကို ထွင်းဖောက်မြင်နေရပြီး တပ်ထားတဲ့ မီးဆိုင်းတွေကလည်း အနုပညာလက်ရာ တအားမြောက်တော့ တစ်နေရာရောက်တိုင်း Zon မှာ ခေါင်းတလည်လည်နဲ့ ကြည့်လို့ကိုမဝဘူး
Saifah နေတဲ့အထပ်ရောက်တော့ မှန်နံရံတွေကတဆင့် ဘန်ကောက်မြို့ရဲ့ ညရှုခင်းကို အလှဆုံးအနေအထားနဲ့ တွေ့လိုက်ရတယ် .. တောက်လျှောက်ငေးနေရင်းက Saifah အခန်းရှေ့ ရောက်နေပြီကို သတိမထားမိဘဲ မမှီမှာစိုးတဲ့စိတ်နဲ့ ခေါင်းပြန်အလှည့်မှာ သော့ဖွင့်နေတဲ့ Saifah နောက်ကျောကို မေးစေ့နဲ့ ခွပ်ခနဲ တိုက်ချပစ်လိုက်တော့တာပဲ
နာသလားဆို တကယ်နာတယ် .. နောက်ပြီး Saifah ကို အမှန်အတိုင်းပြောပြရင် တိုက်မိတာတောင် နည်းသေးတယ်လို့ ပြောလာမှာလား မသိဘူး .. အဲ့လိုကြီးကျ ရှက်စရာကြီး ~
![](https://img.wattpad.com/cover/234154886-288-k227277.jpg)
YOU ARE READING
Once Upon A Time
Fanfictionဒီအမုန်းက သံသရာထိ ရှည်မယ်လို့ ထင်ခဲ့ဖူးတယ် ဆိုရင်ရော ?! P' Candy Oon belong to these two characters!! 🥰 ဒီအမုန်းက သံသရာထိ ရှည်မယ်လို့ ထင်ခဲ့ဖူးတယ် ဆိုရင်ရော ?!