Chapter (1)

471 29 6
                                    

" Saifah ပါရင် လာအားမပေးဘူး "

" Ya .. Ai' Zon !! "

" ဟာကွာ ~~ "

ထမင်းစားမပျက်ဘဲ ပေါ့ပေါ့ပါးပါး ပြောလိုက်တဲ့ Zon အသံအဆုံးမှာ Junior နဲ့ Tanthai ဆီက အော်ဟစ်သံနဲ့ ငြီးငြူသံ ပြိုင်တူထွက်ပေါ်လာတယ်

" Ai' Zon .. မင်းလာရင် မေဂျာတိုင်းက ကောင်မလေးတွေ အကုန်စုပြုံထွက်လာမှာ .. လုပ်ပါကွာ နော်နော် "

Tanthai က Zon ပခုံးပေါ်မှီရင်း လက်မောင်းကို ဆွဲရမ်းကာ ပြောနေပေမယ့် Zon က ခေါင်းခါနေဆဲပဲ

Zon က Major King မို့ ကောင်မလေးတွေက သဲသဲလှုပ်နေမှာတဲ့လား ?!

အဲ့ Tanthai ဟာ အားပေးမယ့်သူ တစ်ယောက်တိုးဖို့အရေး မဟုတ်တမ်းတရားတွေ စွတ်စက်ပြောနေတော့တာ

" မလာဘူးဆို မလာဘူး Ai' Thai .. ငါထမင်းစားနေတယ်နော် .. အခုလွှတ် "

ခါချနေပေမယ့် Tanthai က ပတ်ကျိကြီးကျလို့ .. Zon ပေါ် မှီတွယ်ထားတာ သူ့တစ်ကိုယ်လုံးကို

မရတဲ့အဆုံးတော့ Zon ဒီတိုင်းပဲ နေလိုက်ရတယ်

“ Saifah က Popular ဖြစ်ပေမယ့် မင်းကလည်း မင်းလေ Ai' Zon ”

စားပွဲတစ်ဖက်က ငြိမ်ကျနေတဲ့ Junior ဆီက အသံထပ်ထွက်လာတော့ Zon မျက်မှောင်ကြည့်ပစ်လိုက်ရင်း

" ဘာကိုပြောချင်တာလဲ "

" ကျောင်းရဲ့ Cute Boy Page မှာ မဲအများဆုံးရထားတဲ့သူက မင်းလေ Ai' Zon ရဲ့ "

" ဘာ ?! "

Cafeteria ထဲကလူတွေ ကွက်ကြည့်ကွက်ကြည့် လုပ်လာတဲ့အထိ Zon အော်သံက ကျယ်သွားတယ်

ပခုံးပေါ်မှီထားတဲ့ Tanthai တောင် ဆတ်ခနဲတုန်ပြီး ဘေးရွေ့သွားတဲ့အထိ

Zon အဲ့ကိစ္စ ဘာမှမသိရပါလား

ဒီရက်ပိုင်း Sci-fi ဝတ္ထု အပိုင်းသစ်အတွက် ခေါင်းစားနေတဲ့ ကာလမို့ Facebook ပေါ် သိပ်မတက်ဖြစ်တာ .. အဲ့ Page ရှိမှန်း ကြားဖူးပေမယ့်လည်း ကိုယ်နဲ့မဆိုင်တဲ့ အရာမို့ Like တောင် မနှိပ်ထားမိ

ဘယ်အချိန်က Zon က အဲ့လောက် ကျော်ကြားသွားပြီး မဲတောင် အပေးခံလိုက်ရသတဲ့လဲ

ပြောရရင် အရပ်ပုတာလေးကလွဲလို့ Zon က ချစ်စရာကောင်းတဲ့ထဲမှ မပါဘဲ

Once Upon A TimeWhere stories live. Discover now