"Jin မင်းကာကွယ်ပေးရမဲ့သူက ဘယ်သူလဲသိတယ်
မလား''ရုတ်တရက်ဆန်သောမေးခွန်းသည် seokjin ကိုအူ
ကြောင်ကြောင်ဖြစ်စေသည်။
Namjoon နှစ်ခြိုက်စွာ ပြုံးရင်းဆံပင်စများကိုဆွဲဖွပစ်
သည်။"နန်းတွင်းမှာ ပြသနာဖြစ်နေတယ် jin''
Namjoon လမရှိပဲဟိုတစ်စ ဒီတစလင်းနေသော
ကြယ်များကိုငေးကာဆိုသည်။
Seokjin ကတော့ ဘာမှမသိသေးဟန်..."မင်းသိထားဖို့လိုတယ် jin...မင်းလုပ်ရမဲ့အရာတွေ
မလုပ်နိုင်ရင် မင်းပျောက်ကွယ်သွားမှာ. ငါအဲ့လိုအဖြစ်မခံနိုင်ဘူး''Namjoon ဘာတွေပြောနေလဲနားမလည်ပင်မဲ့ namjoon ပုံသည်တကယ်အတည်ကြီးဖြစ်နေသည်။
သူမသိသော အန္တရာယ်များစွာရှိနေသလိုပင်...
ဘေးချင်းယှဉ်လျှောက်နေသော namjoon သည် သူ့
ကိုယ်ကိုဆွဲလှည့်ကာ မျက်နှာချင်းဆိုင်စေသည်။"ကိုယ်ပြောမယ် သေချာစဉ်းစား jin!မင်းကာကွယ်ရမဲ့
သူက အိမ်ရှေ့စံလို့ အဘိုးပြောခဲ့တာမှတ်မိလား''Seokjin ခေါင်းကိုဆက်တိုက်ငြိမ့်ကာ အဖြေပေး
သည်။"ဒီမှာ အိမ်ရှေ့စံနှစ်ယောက်ရှိတယ်.အိမ်ရှေ့စံ ဂျွန်ရယ်
အိမ်ရှေ့စံ ပတ်ရယ်...အိမ်ရှေ့စံ ပတ်က နယ်နှင်ဒဏ်ခံ
ထားရပြီး အိမ်ရှေ့စံရာထူး အသိမ်းခံထားရတယ်.မင်း
တွေးကြည့် အနာဂတ်သမိုင်းထဲမှာ မင်းသင်ခဲ့ဘူးတဲ့
ဂိုလျောရဲ့ လေးဆက်မြောက်မင်းကြီးက ဘယ်သူလို့
ထင်လဲ''"...........ပတ်.........မင်းကြီး ပတ်ဒိုဝူး လား''
(A/N ဒါက အဆုရဲ့စိတ်ကူးယဉ် fic မို့ ရာဇဝင်တွေက
လဲ အမှန်မဟုတ်ပါဘူးနော်.ထိခိုက်စေတဲ့သဘောနဲ့ရေး
တာမဟုတ်တဲ့အတွက် ဒီတိုင်း စိတ်ကူးယဉ် fic အနေနဲ့
ပဲ ဖတ်ပေးပါ<_>)Seokjin ရင်ခုန်သံများမြန်လာသည်။
ကာကွယ်ပေးရမည့်သူသည် သူ မဟုတ်ခဲ့ပါ။"ငါတို့သမိုင်းကို ပြောင်းလဲလို့မရဘူး jin.''
Namjoon ပြောသမျှ စကားတိုင်းသူမကြားမိတော့.
အသက်ရှူ သံများမြန်လာကာ လက်တွေတုန်ယင်လာ
သည်။
မဖြစ်နိုင်တာတွေ...အိမ်ရှေ့စံဂျွန်က အသတ်ခံရမှာမ
ဟုတ်လောက်ပါဘူး*
YOU ARE READING
Stranger From Hell { complete }
Adventureသာမာန်မျက်လုံးနဲ့မမြင်ရတဲ့ အရာတွေကို မြင်တဲ့ ကောင်လေး တစ်ယောက် အတိတ်ကအချိန်တွေထဲရောက်ပြီး သူကူညီနေတဲ့ ဝိဥာဉ်လေးရဲ့ အကြောင်းကို သိသွားမလား...... သူကရော သူနေတဲ့အချိန်ဆီ ပြန်ရောက်ပါ့မလား... Kookjin,namjin,vmin,sope စိတ်ကူးယဉ်ဇာတ်လမ်းလေးတစ်ပုဒ်💜 သာမာန္...