ep 14✨

517 76 15
                                    

ပုံရိပ်တို့သည်ဝေဝါးနေပြီးအမှောင်ထုထဲလမ်းပျောက်နေ
သည်။
ဘဝဆက်တိုင်းချစ်နေမယ်ဟုပြောခဲ့သော ကတိစကား
သည် လေထဲမှာတင်ပျက်ပျယ်သွားသည်။
တမ်းတမိသော နှလုံးသားတစ်စုံသည် နှစ်သက်မိသော
လူသားမဖြစ်ခဲ့ချေ။
.
.
.
.
မျက်လုံးများကို အားယူကာဖွင့်တော့ လက်မှတင်းကြပ်
မှုကိုခံစားရသည်။
အိမ်ရှေ့စံဂျွန်ကို သူနှစ်သက်သည်။
ကားဂိတ်မှာ နန်းတွင်းဝတ်စုံကြီးဝတ်ပြီးသူ့အားအကူညီ
တောင်းထဲက...
ယုန်သွားလေးပေါ်အောင်ရီပြရင်း သူ့ဘေးတွင်ကပ်ရှုပ်
နေထဲက...

"နိုးပြီလား.သက်သာရဲ့လား jin''

ဆော့ဂျင်သူ့အားစိုးရိမ်စွာမေးနေသော အိမ်ရှေ့စံဂျွန်ကို
ခပ်ရေးရေးလေးပြုံးပြလိုက်သည်။

"သက်သာပါတယ်.အိမ်ရှေ့စံ ဂျွန်''

အိမ်ရှေ့စံဂျွန်သူ့ရှေ့က ခပ်ရေးရေးပြုံးပြနေသော ဆော့
ဂျင်ကိုကြည့်ရင်း သက်ပြင်းချမိသည်။
သူစိုးရိမ်နေတာ သူကိုယ်တိုင်ပင်အသိဆုံးမဟုတ်လား
ဆော့ဂျင် ကိုယ်လေးကိုထွေးပွေ့တော့ အလိုက်တသိရင်
ခွင်ထဲပါလာသည်။

-----------------------------------------------------------
ဆော့ဂျင် အရင်တစ်ခါက နမ်ဂျွန်းနဲ့သွားခဲ့သော ငရဲမင်း
ဟုခေါ်သည့် အဖိုးအိမ်ထံရောက်နေခြင်းဖြစ်သည်။

"Joon က ကျွန်တော့အရင်ဘဝကချစ်သူလား''

ဆော့ဂျင်အမေးကို အဖိုးအိုသည်ဖြေးညှင်းစွာခေါင်းငြိမ့်
ပြသည်။

"အဲ့တာကြောင်....ကျွန်တော့ကို စောင့်နေရင်းနဲ့....''

"အားလုံးက ကံကြမ္မာ စေလိုရာပဲလူလေး''

"ဒါပင်မဲ့..ကျွန်တော် joon အပေါ်မတရားသလိုဖြစ်
နေတယ်လေ''

ဆော့ဂျင်ဝမ်းနည်းနာကျည်းစွာပြောသည်။
အမြဲတမ်းချစ်နေမယ်ဆိုသည်မှာ သူကိုယ်တိုင်ပင်ပြောခဲ့ဘူးသည့်စကားဖြစ်သည်။

"နမ်ဂျွန်းဆိုတဲ့လူသားက မသေဆုံးခင်အချိန်ကနေသေဆုံးပြီး အချိန်စောင့်မှင်စာ ဖြစ်တဲ့အချိန်ထိ သူ့နှလုံးသား
ထဲမှာ လူတစ်ယောက်ကိုပဲထည့်ထားတာ...

သူကိုယ်တိုင်က ပေးဆပ်ပြီးပဲချစ်ရချစ်ရ ရယူပြီးပဲချစ်ရ
ချစ်ရ ချစ်နေယုံနဲ့ကျေနပ်တယ်လို့ပြောခဲ့ပြီးသားမို့
မင်းသာ မင်းကမ္ဘာပြန်ရောက်ဖို့ကြိုးစားရမှာ လူလေး''

Stranger From Hell { complete }Donde viven las historias. Descúbrelo ahora